တရုတ်ကျောထောက်နောက်ခံပြု ဟက်ကာများက ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီများကို ထိုးဖောက် ဝင်ရောက်

တရုတ်ကျောထောက်နောက်ခံပြု ဟက်ကာများက ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီများကို ထိုးဖောက် ဝင်ရောက်

တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားသည့် ဟက်ကာများက router များရှိ ဆော့ဖ်ဝဲ အားနည်း ချက်များကို အသုံးချခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ ပစ်မှတ်များစွာထဲမှ အဓိက ဆက်သွယ်ရေး ကုမ္ပဏီ များကို ထိုးဖောက်ခဲ့ကြောင်း CNN သတင်းဌာနက အမေရိကန်လုံခြုံရေးအေဂျင်စီများကို ကိုးကား၍ ဖော်ပြခဲ့သည်။

ရိုက်တာနှင့် အင်တာနက်ချိန်ဆက်အသုံးပြုသည့်အက်ပ်ပလီကေးရှင်းများနှင့် ဖုန်း၊ ကွန်ပျူတာသုံးစွဲသည့် ပစ္စည်းများ၏ အားနည်းချက်များကိုသာ ဆိုက်ဘာကာကွယ်သူများက အလေးထားလေ့ရှိသဖြင့် router များရှိ ဆော့ဖ်ဝဲ အားနည်း ချက်များကို မကြာခဏ လျစ်လျူရှုမိကြောင်း FBI၊ အမျိုးသားလုံခြုံရေးအေဂျင်စီနှင့် အမေရိကန်ဆိုက်ဘာ လုံခြုံရေးနှင့် အခြေခံအအောက်အအုံလုံခြုံရေးဆိုင်ရာအေဂျင်စီတို့မှ အကြံပေးချက်များ တွင် ဖော်ပြခဲ့သည်။

တရုတ်သည် ၂၀၂၀ပြည့်နှစ်လောက်ကတည်းက ဆက်သွယ်ရေးကွန်ရက်များကို တိုက်ခိုက်သည့် အောင်မြင်သော ဆိုက်ဘာလှုပ်ရှားမှုကို ဆင်နွှဲခဲ့ကြောင်း ဖက်ဒရယ်အေဂျင်စီများက ဇွန် ၇ရက် သတင်းထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။

သို့သော်လည်း တရုတ်အစိုးရသည် ဟက်ကာနှင့် ပတ်သက်သည့် စွပ်စွဲချက်များအား ပုံမှန်ငြင်းဆိုခဲ့ပြီး FBI လက်ထောက်ညွှန်ကြားရေးမှူး ပေါလ် အဘက်က ဧပြီလမိန့်ခွန်းတွင် ကွန်မြူနစ်တရုတ်နိုင်ငံအား ကမ္ဘာနိုင်ငံပေါင်း အားလုံးထက် ဆိုက်ဘာကျူးကျော်မှုများ ပိုမိုလုပ်ဆောင်သည်ဟု ပြောကြားခဲ့သည်။ 

အေဂျင်စီများ၏ ထုတ်ပြန်ချက်တွင် ဟက်ကာများ၏ တိုက်ခိုက်ခံရသည့်နေရာများကို ထုတ်ဖော်မပြောကြား ခဲ့ပေ။ အကြံပေးချက်တွင် Cisco၊ Fortinet နှင့် အခြားကုမ္ပဏီများမှ ထုတ်လုပ်သည့် စက်ပစ္စည်းများကို အသုံးပြုသည့် အဖွဲ့အစည်းများအား ယင်းတို့၏ ကွန်ရက်များကာကွယ်ရေးအတွက် အစီအမံများကို အကြံပြုပြောကြားခဲ့သည်။

'တရုတ်ဟက်ကာတွေကို ကန်ထုတ်ပစ်ဖို့ ထိုးဖောက်သည့်နည်းနာများကို နားလည်ပြီး သူတို့ရဲ့ ကနဦး ဝင်ရောက် ထိုးဖောက်တာထက်ကျော်လွန်ပြီး ရှာဖွေနိုင်ရပါမယ်' ဟု NSA တွင် ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့ပြီး ဆိုက်ဘာ လုံခြုံရေးအသိုင်းအဝိုင်းတွင် လေးစားခံရသော တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရော့ ဂျိုက်က တွစ်တာတွင် ရေးသားခဲ့သည်။

စက်တင်ဘာလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ် သမ္မတ ဂျိုးဘိုင်ဒင်က အဆိုပါ ပြဿနာကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် လူကြိုက်များသော Microsoft ဆော့ဖ်ဝဲလ်ကို အသုံးပြုသည့် အဖွဲ့အစည်းထောင်ပေါင်း များစွာ၏ အားနည်းချက်များကို ဖော်ထုတ်ပြသသည့် တရုတ်ဟက်ကာများက ပြုလုပ်သည်ဟူသော ၂၀၂၁ခုနှစ်က လှုပ်ရှားမှု တစ်ခုကြောင့် အမေရိကန်တာဝန်ရှိသူများသည် အလွန် စိတ်အနှောင့် အယှက်ဖြစ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required