ဖရူဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးထက်မနည်းသေဆုံး သေနတ် ၈ လက်နှင့် ခဲယမ်းပစ္စည်းများ KNDF သိမ်းဆည်းရမိ

ဖရူဆိုမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးထက်မနည်းသေဆုံး သေနတ် ၈ လက်နှင့် ခဲယမ်းပစ္စည်းများ KNDF သိမ်းဆည်းရမိ

ဇွန် ၁၄

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး သေနတ် ရှစ်လက်နှင့်အတူ ခဲယမ်းပစ္စည်းများ သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ယနေ့ ဇွန်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၂ ရက်​နေ့တွင် ကရင်နီပူး​ပေါင်းတပ်များမှ စီ​ကောင်စီတပ်များတပ်စွဲထားသည့် နေရာများအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

" ၁၂ ရက်နေ့ညက တိုက်ပွဲမှာ ရတာပါ။ တိုက်ပွဲက မပြီးသေးတော့ အချို့ဟာတွေ မဖြေနိုင်သေးလို့ပါ" ဟု KNDF ဘက်မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမကို ပြောသည်။

ကရင်နီပြည်နယ် ဒေါးညေခူကျေးရွာနှင့် ထီးပေါ့ဆိုကျေးရွာတို့တွင် ဇွန်လ ၉ရက်မှ စ၍ ယ​နေ့အချိန်ထိ ထိ​တွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖရူဆိုမြို့နယ်မှ ဒီး​မော့ဆို၊ လွိုင်​ကော်မြို့နယ်ဘက်သို့ တပ်ချိန်း​ပြောင်းရန်အတွက် ​ပြည်​ထောင်စု လမ်းမကြီးအတိုင်း စစ်​ကြောင်းထိုးလာ​သော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များဘက်မှ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Loikaw PDF) နှင့် ဒီးမော့ဆို PDF (DMO PDF) တို့က ဖရူဆိုမြို့နယ်၊ ဒေါးညေခူကျေးရွာနှင့် ထီးပေါ့ဆိုကျေးရွာတို့တွင် ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

အကြမ်းဖက် စီ​ကောင်စီတပ်များသည် ၄င်းတို့ တပ်စွဲထားသော ဒေါးညေခူရွာ ထီးပေါ့ဆိုရွာတွင်းရှိ နေအိမ်များက်ို ​ဖောက်ထွင်းဖျက်ဆီးပြီး ၊ ခရစ်ယာန်ဘုရား​​ကျောင်း တစ်​ကျောင်း ကိုလည်း လက်နက်ကြီးဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု KNDFက ဆိုထားသည်။

#mizzima

#ဖရူဆိုမြို့နယ်

#တိုက်ပွဲ

#စကစတပ်

#၁၀ဦးထက်မနည်းသေ

ဓာတ်ပုံ - KNDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly