တရုတ်ဝန်ဆောင်မှုလုပ်ငန်းများ မေလတွင် တတိယမြောက်ကာလအဖြစ် ကျဆင်းနေ

တရုတ်ဝန်ဆောင်မှုလုပ်ငန်းများ မေလတွင် တတိယမြောက်ကာလအဖြစ် ကျဆင်းနေ

ရှန်ဟိုင်းနှင့် အနီးအနားမြို့များတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုအချို့ကို ဖြေလျှော့ပေးခဲ့သော်လည်း စီးပွားရေး နလန်ထမှုနှေးကွေးနေရာတွင် မေလသည် တတိယမြောက်လအဖြစ် ဝန်ဆောင်မှုလုပ်ငန်းများ ကျဆင်း သွားခဲ့ကြောင်း ပုဂ္ဂလိကစီးပွားရေးစစ်တမ်းတစ်ခုက ဇွန် ၆ရက်က ဖော်ပြခဲ့သည်။

အာဏာပိုင်များက ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းကို အကျပ်ဆိုက်စေပြီး ကမ္ဘာ့နိုင်ငံများသို့ ကုန်ထုတ်လုပ်ပေးပို့သည့်ကွင်းဆက်ကို အခက်ကြုံစေသော တင်းကျပ်သည့် ကန့်သတ်ချက် အချို့ကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းကြောင့် Caixin ဝယ်ယူမှုမန်နေဂျာများအညွှန်းကိန်း (PMI) သည် ဧပြီလတွင် ၃၆ ဒသမ ၂ မှတ်ရှိရာမှ မေလတွင် ၄၁ ဒသမ ၄ သို့ မြင့်တက်သွားခဲ့သည်။

သို့သော် လအလိုက်ဖော်ပြချက်တွင် တိုးတက်မှုနှင့် ကျဆင်းမှုကို ခွဲထားသည့် အမှတ် ၅၀ အောက်တွင် ရောက်ရှိနေသေးသည်။

တရုတ်စီးပွားရေး၏ ၆၀ ရာခိုင်နှုန်းနှင့် မြို့ပြအလုပ်အကိုင်များ၏ ထက်ဝက်ခန့်ရှိသည့် ဝန်ဆောင်မှုကဏ္ဍတွင် အားနည်းချက်သည် အစိုးရ၏ ကိုဗစ်ကင်းစင်ရေးမူဝါဒဒဏ်ကို ဆက်လက်ခံရဖွယ်ရှိပြီး ဟိုတယ်နှင့် စားသောက် ဆိုင်များကဲ့သို့သော ထိတွေ့မှုများသောကဏ္ဍများ ယင်းမူဝါဒအောက်တွင် ဆက်လက်တည်ရှိနေပြီး စီပွားရေး ကျဆင်းမှုဒဏ်ကို ခံရဖွယ်ရှိနေသည်။ 

ဇွန်လ ၇ ရက် ထုတ်ပြန်ခဲ့သည့် တရားဝင် စစ်တမ်းတစ်ခုတွင် ဝန်ဆောင်မှုကဏ္ဍသည် ကျဆင်းသွားကြောင်း ဖော်ပြခဲ့သည်။

Caixin စစ်တမ်းတွင် ပို့ကုန်အမှာစာအသစ်များအပါအဝင် လုပ်ငန်းသစ်များသည် ရွေ့ပြောင်းမှု ကန့်သတ်ချက် များကြောင့် ဝယ်သူများကို နေအိမ်များတွင်ရှိစေကာ လုပ်ငန်းလည်ပတ်မှုများကို အနှောင့်အယှက်ဖြစ်စေ သောကြောင့် မေလသည် စတုတ္ထမြောက်လအဖြစ် ဆက်တိုက်ကျဆင်းသွားသည်ကို ဖော်ပြသခဲ့သည်။

တရားဝင်အချက်အလက်များအရ တရုတ်တစ်နိုင်လုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုတွင် အလုပ် လက်မဲ့နှုန်းသည် ဧပြီလတွင် ၆ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး အစိုးရ၏ ၂၀၂၂ခုနှစ် ရည်မှန်းချက်ဖြစ်သော ၅ ဒသမ ၅ ရာခိုင်နှုန်းအောက်လျော့နည်းရေးထက် များနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required