တရုတ်ပံ့ပိုးထားသည့် သီရိလင်္ကာဆိပ်ကမ်းမြို့ စီမံကိန်း တိုးတက်မှုမရှိ

တရုတ်ပံ့ပိုးထားသည့် သီရိလင်္ကာဆိပ်ကမ်းမြို့ စီမံကိန်း တိုးတက်မှုမရှိ

သီရိလင်္ကာတွင် အတိုးနှုန်းများ ကျဆင်းစေရန် ၂ နှစ်ကြာ ငွေများရိုက်ထုတ်ပြီးနောက် ငွေကြေး တန်ဖိုးကျဆင်းနေခြင်းနှင့် လူမှုရေးမငြိမ်သက်မှုများကြောင့် တရုတ်ကျောထောက်နောက်ခံပေးထားသော ဆိပ်ကမ်းမြို့ စီမံကိန်းသည် ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်နေရကြောင်း အစိုးရထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဝင်ငွေရရှိရန် မြေယာများကို သီရိလင်္ကာအစိုးရက ရောင်းချခြင်းဖြင့် တရုတ်ဆက်သွယ်ရေး ဆောက်လုပ်ရေး ကုမ္ပဏီနှင့် မိတ်ဖက်ပြုကာ တည်ဆောက်သည့် ဆိပ်ကမ်းမြို့သည် အမေရိကန်ဒေါ်လာ ၁ ဒသ ၄ ဘီလီယံ တန်ဖိုးရှိ ပင်လယ်ပြင်တွင် မြေဖို့တည်ဆောက်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ၁ ဒသမ ၂ ဘီလီယံ သုံးစွဲထားပြီး ဖြစ်သည်။

“အခုနှစ်က စပြီး ဆိပ်ကမ်းမြို့ကို ဈေးကွက်ချဲ့ထွင်ရောင်းချဖို့ စီမံချက်ကြီးတစ်ခုရှိခဲ့ပေမဲ့ နိုင်ငံအခြေ အနေအရ အခက်ကြုံနေပါတယ်'' ဟု CHEC ဆိပ်ကမ်းမြို့၏ လက်ထောက်အုပ်ချုပ်မှုဒါရိုက်တာ အလူဝီဟာရီက သီရိ လင်္ကာစီးပွားရေးအသင်းမှ မေ ၂၈ ရက်က ပြုလုပ်ခဲ့သည့် အွန်လိုင်းဖိုရမ်တွင် ပြောကြားခဲ့သည်။ 

စီမံကိန်းကိုနှောင့်နှေးစေသောကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကာလအတွင်း နောက်ဆုံးအကျပ်အတည်းအနေဖြင့် အမေရိကန်တစ်ဒေါ်လာ ၂၀ဝ ရူပီးမှ ဒေါ်လာ ၃၆၆ သို့ကျဆင်းသွားခဲ့ပြီး မအောင်မြင်သော ငွေလဲလှယ်မှု နှုန်းရှင်စနစ်ကြောင့် ဒေဝါလီခံခဲ့ရသည်။ 

ငွေကြေးများထပ်မံ ရိုက်ထုတ်နေခြင်း၊ စွမ်းအင်နှင့် ဆေးဝါးများ ပြတ်တောက်မှုများကြောင့် ငွေကြေး တည်ငြိမ်မှု မရရှိသေးပေ။

ဆိပ်ကမ်းမြို့၏ ပထမဆုံးအကြီးဆုံးစီမံကိန်းမှာ စတုရန်းမီတာ ၂၅၀,ဝဝဝ ရှိ ရုံးခန်းနှင့် နိုင်ငံတကာ ဘဏ္ဍာရေး စင်တာဟုခေါ်သော လက်လီရောင်းချမှုဖွံ့ဖြိုးတိုးတက်ရေးအပိုင်းဖြစ်ပြီး ၂၀၂၂ခုနှစ် တတိယသုံးလပတ်တွင် စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း အလူဝီဟာရီက ပြောကြားခဲ့သည်။

ဒေါ်လာဘီလီယံနှင့် ချီသော နိုင်ငံတကာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC) ၏ ပထမအဆင့်တွင် အမေရိကန် ဒေါ်လာ သန်း ၅၀ဝ ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။

နိုင်ငံတကာကုမ္ပဏီနှစ်ခုနှင့်ပူးပေါင်း၍ လက်ရှိဆောက်လုပ်ဆဲဖြစ်သော အခွန်လွတ်စတိုးဆိုင်ကို ၂၀၂၂ခုနှစ် စတုတ္ထသုံးလပတ်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly