တရုတ်၌ ကျား/မ အခြေပြုအကြမ်းဖက်မှုကြောင့် လူမှုမီဒီယာ၌ အမျိုးသမီးများလုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများ ဖြစ်ပေါ်လာ

တရုတ်၌ ကျား/မ အခြေပြုအကြမ်းဖက်မှုကြောင့် လူမှုမီဒီယာ၌ အမျိုးသမီးများလုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများ ဖြစ်ပေါ်လာ

ဟဲပေပြည်နယ် တန်းရှန်းမြို့၌ မိန်းကလေးငယ်တစ်ဦးသည် အမျိုးသားအုပ်စုတစ်စု၏ ရက်ရက်စက်စက် တိုက်ခိုက်မှုကို ခံရပြီးနောက် တရုတ်လူမှုမီဒီယာ၌ အမျိုးသမီးများလုံခြုံရေးနှင့်ပတ်သက်ပြီး ငြင်းခုံဆွေးနွေးမှုများ ပြုလုပ်လာကြသည်။

ဇွန်လ ၁၀ ရက်က မိန်းကလေးတစ်ဦး တိုက်ခိုက်ခံရသော ဗီဒီယိုသည် တရုတ်လူမှုမီဒီယာ Weibo နှင့် WeChat တို့တွင် ပျံ့နှံ့သွားသည်။

ဗီဒီယို၌ အမျိုးသားတစ်ဦးသည် မိန်းကလေးတစ်ဦးအား ကိုယ်ထိလက်ရောက်နှောင့်ယှက်ခဲ့ပြီး အဆိုပါမိန်းကလေးက ပြန်လည်ခုခံသည့်အခါ ၎င်းအမျိုးသားသူငယ်ချင်းများက အုပ်စုလိုက် အနိုင်ကျင့်ပုံကို တွေ့ရသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ တရုတ်၌ အမျိုးသမီးများ၏ လုံခြုံမှုနှင့်စပ်လျဉ်း၍ လူမှုမီဒီယာပေါ်တွင် ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပေါ်လာသည်။

အများစုက ထိုဖြစ်ရပ်များကို ကျား/မအခြေပြုအကြမ်းဖက်မှုများအဖြစ် ဖော်ပြကြသည်။

အင်တာနက်အသုံးပြုသူများက ၎င်းဖြစ်ရပ်ကို တိုက်ခိုက်မှုထက် ရန်ပွဲအဖြစ် သတ်မှတ်ပြောဆိုကြသည်။ တိုက်ခိုက်ခံရသည့် မိန်းကလေးတွင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်။

တရုတ်နိုင်ငံ၌ အမျိုးသမီးများအပေါ် ဆက်ဆံပြုမူဆက်ဆံရာတွင် ကွာဟချက်ကြီးမားနေသောကြောင့် နိုင်ငံအတွင်းတွင် ကျားမတန်းတူညီမျှရေးသည် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း European Times ကဖော်ပြသည်။

နှစ်ပေါင်း ၇၀ အတွင်း တရုတ်နိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီတွင် အမျိုးသမီးတစ်ဦးမျှ ခန့်အပ်ခံရခြင်းမရှိသလို ဥက္ကဋ္ဌရာထူးအတွက်လည်း နေရာမပေးပေ။ အလားတူပင် ပြည်နယ်အဆင့် အစိုးရ ၃၁ ခုတွင် အမျိုးသမီးတစ်ဦးတစ်ယောက်မျှ ဦးဆောင်ခြင်းမရှိပေ။ နှစ်ပေါင်း ၇၀ ကျော်အတွင်း အဖွဲ့ဝင် ၂၅ ဦးပါ ပေါ်လစ်ဗျူရိုတွင် အမျိုးသမီး ၆ ဦးသာ ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly