ဒူဘိုင်း၊ဖေဖော်ဝါရီ ၇ ။ ။ ကာတာနိုင်ငံအခြေစိုက် ဆက်သွယ်ရေးလုပ်ငန်း တစ်ခုဖြစ်သည့် အူရီဒူးကုမ္ပဏီက ၎င်း၏ မြန်မာနိုင်ငံမှ ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်းကွန်ရက်များ ချဲ့ထွင်နိုင်ရန်အတွက အာရှဖွံ့ဖြိုးရေးဘဏ်နှင့် နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်းတို့မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ စီ ရရှိထားကြောင်း ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်လိုက်သည်။
သို့သော် အူရီဒူးကုမ္ပဏီအနေဖြင့် ချေးငွေများနှင့် ပတ်သက်၍ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိပေ။