အမြန်လမ်း တည်ဆောက်ရေးတွင် အရှိန်အဟုန်ဖြင့် မလုပ်ဆောင်နိုင်သည့် တရုတ် ကန်ထရိုက်တာများကို နီပေါအစိုးရ လုပ်ငန်းရပ်ဆိုင်း

အမြန်လမ်း တည်ဆောက်ရေးတွင် အရှိန်အဟုန်ဖြင့် မလုပ်ဆောင်နိုင်သည့် တရုတ် ကန်ထရိုက်တာများကို နီပေါအစိုးရ လုပ်ငန်းရပ်ဆိုင်း

ခတ္တမန္ဒူ-တာရိုင်းအမြန်လမ်း တည်ဆောက် ရေးလုပ်ငန်းများကို အမြန်ပြီးစီးအောင်မတည်ဆောက်နိုင်သည့် တရုတ်ကန်ထရိုက်တာများကို နီပေါစစ်တပ်က ဇွန်လ ၂ရက်တွင် လုပ်ငန်းများ ရပ်နားစေခဲ့ရာ တရုတ်အစိုးရအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာသည်။

ယခင်အပတ်က နီပေါအစိုးရ၏ မူဝါဒနှင့် အစီအစဉ်များတွင် ခတ္တမန္ဒူ-တာရိုင်းအမြန်လမ်းကို အချိန်မီ ပြီးမြောက် အောင် လုပ်ဆောင်ရေးပါဝင်ခဲ့ရာတွင် နီပေါပြက္ခဒိန်အရ BS ၂၀၈၁ (ခရစ်နှစ် ၂၀၂၄ခုနှစ်) ၌ အပြီးသတ်နိုင်ရေးဖြစ်သည်ဟု Khabarhub က ဖော်ပြခဲ့သည်။

နီပေါ စစ်တပ်သည် တရုတ်နိုင်ငံ တည်ဆောက်ရေးအင်ဂျင်နီယာကော်ပိုရေးရှင်းနှင့် ပိုလီချန်ဒါ အင်ဂျင်နီယာလုပ်ငန်းကုမ္ပဏီတို့နှင့် လွန်ခဲ့သည့်နှစ်တွင် ဥမင်လိုဏ်ခေါင်း ၃ ခု၊ တံတားအနည်းငယ်နှင့် အမြန်လမ်း စီမံကိန်းအောက်၌ တစ်စိတ်တစ်ပိုင်းလမ်းဖောက်လုပ်ရန်အတွက် သီးခြားစာချုပ် ၂ ခု ချုပ်ဆိုခဲ့သည်။

စီမံကိန်းများကို ဆိုင်းငံ့ထားရန် တရုတ်ကုမ္ပဏီ ၂ ခုစလုံးအား မေ ၂၃ ရက်တွင် စာတစ်စောင်ပေးပို့ပြီး အကြောင်း ကြားထားပြီးဖြစ်သော်လည်း ဆိုင်းငံ့ကာလကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။

နီပေါစစ်တပ်၏ စီမံကွပ်ကဲမှုအောက်တွင် တည်ဆောက်ဆဲဖြစ်သော ခတ္တမန္ဒူ-တာရိုင်းအမြန်လမ်းသည် နိုင်ငံ တော်၏ ဂုဏ်သိက္ခာနှင့် မဟာဗျူဟာမြောက် အရေးပါသော စီမံကိန်းတစ်ခုဖြစ်သည်။

အဆိုပါလုပ်ငန်းကို ၂၀၂၃-၂၀၂၄ခုနှစ်တွင် အပြီးသတ်ရန် စီစဉ်ထားသည်။

အာရှအဝေးပြေးလမ်းစံနှုန်းအဆင့်မြင့် အေ အမြန်လမ်းတွင် ဥမင်လိုဏ်ခေါင်း ၃ ခုနှင့် တံတားများ ပါဝင်မည်ဖြစ်သည်။

စီမံကိန်း၏ စုစုပေါင်း ကုန်ကျစရိတ်မှာရူပီး ၁၇၅ ဘီလီယံခန့် ရှိသည်။ ၄လမ်းသွားအမြန်လမ်း၏ အရှည်မှာ ၇၂ ဒသမ ၅ ကီလိုမီတာဖြစ်သည်။

အဆင့် ၂ ဆင့်အတွက် အရည်အချင်းပြည့်မီသော ကန်ထရိုက်တာများအဖြစ် ကုမ္ပဏီ ၄၃ ခုအနက်မှ ၂ ခုကို သာ ရွေးချယ်ခဲ့သည့် အငြိမ်းစားစစ်ဦးစီးအရာရှိချုပ်သာပါ၏ ရာထူးသက်တမ်းကတည်းက အငြင်းပွားဖွယ်ရာ များ ရှိနေခဲ့ကြောင်း Khabarhub က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required