သရက်ချောင်းတွင် စစ်ကောင်စီက ပြည်သူနေအိမ် ၂ ဆောင်အား မီးရှို့ဖျက်ဆီး

By ကိုရွှေမြိတ်
10 June 2022
သရက်ချောင်းတွင် စစ်ကောင်စီက ပြည်သူနေအိမ် ၂ ဆောင်အား မီးရှို့ဖျက်ဆီး

သရက်ချောင်း၊ဇွန်လ(၁၀)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ အောက်သရက်ချောင်းရွာတွင် ပျူစောထီး ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ရွာထဲသို့ ရောက်ရှိလာပြီး ပြည်သူပိုင်နေအိမ် နှစ်ဆောင်ကို မီးရှို့ ဖျက်ဆီး သွားခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

အဆိုပါ နေအိမ် နှစ်ဆောင်ကို ဒေသခံ ပျူစောထီးခေါင်ဆောင် ဦးစိုးဝေနှင့် ဦးဉာဏ်လင်းတို့ ဦးဆောင်သော စစ်ကောင်စီတပ်သားများဖြင့် ရွာထဲသို့ ရောက်ရှိလာပြီး မီးရှို့ ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြော သည်။

သရက်ချောင်းမြို့ ဒေသခံ တစ်ဦးက“PDF တွေနဲ့ ဆက်စပ်မှု ရှိတယ်လို့ ယူဆပြီး ပျူတွေက ခေါ်လာတာပါ အောက်သရက်ချောင်း နဲ့ အနီးနား ရွာတွေမှာ ပျူတွေ များတယ် ဟိုတလောက ပျူ သုံးယောက် အသတ်ခံရတာ အဲဒီ ရွာဘက်မှာ”ဟု ပြော သည်။

#mizzima

#သရက်ချောင်း

#ပြည်သူကို

#ပျူ

#မီးရှို့ဖျက်စီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly