တီအန်နန်မင်ရင်ပြင်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှစ်ပတ်လည်နေ့တွင် ဘင်္ဂလားဒေ့ရှ်၌ ဆန္ဒပြပွဲများ ကျင်းပ

တီအန်နန်မင်ရင်ပြင်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှစ်ပတ်လည်နေ့တွင် ဘင်္ဂလားဒေ့ရှ်၌ ဆန္ဒပြပွဲများ ကျင်းပ

တီအန်နန်မင်ရင်ပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တရုတ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ရပ်ကို Swadhinata Sangram Parishad အဖွဲ့က ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာတွင် ဇွန် ၄ရက်က ပြုလုပ်ခဲ့သည်။

ဒါကာစစ်တကောင်းအဝေးပြေးလမ်းမကြီးအနီး ဂျထရာဘာရီခရိုင်တွင် ညနေ ၅ နာရီမှ ညနေ ၆ နာရီ ၃၀ မိနစ်အထိ ဆန္ဒပြပွဲကျင်းပခဲ့ရာ လူ ၅၀ဝ တက်ရောက်ခဲ့သည်။

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်တွင် ဖြစ်ပွားခဲ့သော တရုတ်အစိုးရ၏ လူမဆန်သော လုပ်ရပ်ကို ယခုဆန္ဒပြပွဲက နိုင်ငံတကာ အသိုက်အဝန်းသို့ အသိပေးဖော်ပြခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အရပ်ဘက်အဖွဲ့အစည်းအသီးသီးက ဒါကာမြို့နှင့် နာရာယန်ဂန်မြို့တို့တွင်လည်း ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

တရုတ်ကွန်မြူနစ်အစိုးရက ဒီမိုကရေစီလိုလားသည့် ကျောင်းသားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အတွက် ဆန္ဒပြအဖွဲ့အစည်းများက ရှုတ်ချပြီး တရားမျှတမှုကို တောင်းဆိုခဲ့ကြသည်။

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်တွင် တရုတ်နိုင်ငံ၊ တီအန်နန်မင်ရင်ပြင်၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို မြတ်နိုးသော ပြည်သူများက တရုတ်အစိုးရ၏ ဖိနှိပ်မှုကို ဆန့်ကျင်ဆန္ဒပြချိန်တွင် တရုတ်စစ်တပ်က အရပ်သားများကို မဆင်မခြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပြုလုပ်ခဲ့ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားများက ပြောကြားခဲ့သည်။

ထို့ပြင် Muktijoddha Mancha အဖွဲ့မှ ရှက်ဘတ်ခရိုင်ရှိ အမျိုးသားပြတိုက်ရှေ့တွင် ဆန္ဒပြခြင်းနှင့် စီတန်းဆန္ဒ ပြခြင်းကို ဇွန်လ ၄ ရက်က ပြုလုပ်ခဲ့သည်။ ဆန္ဒပြပွဲအတွင်း လူ ၄၀ဝ ခန့် တက်ရောက်ခဲ့သည်။

အစီအစဉ်ကို နေ့လယ် ၃ နာရီမှ စတင်ပြီး ညနေ ၆နာရီ ၃၀ မိနစ်အထိ ကျင်းပခဲ့ပြီး ပါဝင်တက်ရောက်သူများက တရုတ်အစိုးရ၏ လုပ်ရပ်များကို ရှုတ်ချ ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required