တရုတ်က တီအန်နန်မင်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှစ်ပတ်လည်နေ့ မတိုင်မီ ကြိုတင်ဟန့်တားမှုများ ပြုလုပ်

တရုတ်က တီအန်နန်မင်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု နှစ်ပတ်လည်နေ့ မတိုင်မီ ကြိုတင်ဟန့်တားမှုများ ပြုလုပ်

တရုတ်တွင် ဇွန် ၄ ရက် တီအန်နန်မင်အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃၃ နှစ်မြောက် မတိုင်မီတွင် တရုတ် ကွန်မြူနစ်ပါတီ (CCP) က ဒီမိုကရေစီလိုလားခြင်း သို့မဟုတ် CCP ဆန့်ကျင်ရေး အစီအစဉ်များ သို့မဟုတ် ဆန္ဒပြပွဲများ မကျင်းပနိုင်စေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခဲ့သည်။

ရှန်ဟိုင်းမြို့မှ ကျီရှောင်လုံ၊ ဟူပေ့ပြည်နယ်မှ ချန်ကျန်ရှုန်၊ သလျန်မြို့မှ ဝမ် ချန်ဂန်၊ ချန်ဒူမြို့မှ လုံခါဟိုင်း အပါအဝင် အတိုက်အခံများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အများအပြားကို အာဏာပိုင်များက စွဲချက်အမျိုးမျိုးဖြင့် ဖမ်းဆီးထားသည်။

လူမှု်မီဒီယာတွင် ပုံမှန်ရေးသားလေ့ရှိသည် တရုတ်နာမည်ကြီး စာရေးဆရာနှင့် လူ့အခွင့်အရေး ထောက်ခံသူ ကျန်းယိဟဲအား “China Academy of Arts” မှ အလုပ်ရှင်က အဖွဲ့အစည်း၏ ကြိုတင်ခွင့်ပြုချက်မရဘဲနှင့် နိုင်ငံခြားမီဒီယာများကို လူတွေ့မေးမြန်းခန်း မဖြေရန် ယင်းကဲ့သို့သော တုံ့ပြန်မှုများအားလုံးကို ပုံမှန် အစီရင်ခံရန် မေ ၂၆ ရက်က ပြောကြားသည်။

အခြားဆောင်ရွက်မှုများတွင် ၁၉၈၉ ခုနှစ် ဇွန် ၄ ရက် တီအ တီအန်နန်မင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အစိုးရ၏ ရပ်တည် ချက် ပြောင်းလဲလာစေရန် လုပ်ဆောင်နေသည့် တရုတ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် သေဆုံးသူများ၏ ဆွေမျိုးများအဖွဲ့ 'တီအန်နန်မင် မိခင်' ကို တိုးမြှင့်စောင့်ကြည့်ခြင်း ပါဝင်သည်။

ထို့ပြင် အာဏာပိုင်များက ဟောင်ကောင်ဝိတိုရိယပန်းခြံကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင် ရွက်မည်ဟုဆိုကာ ဇွန် ၁၆ ရက်အထိ အာဏာပိုင်များက ပိတ်ထားသည်။

ဒီမိုကရေစီလိုလားသော အုပ်စုများက နှစ်စဉ်ကျင်းပမြဲဖြစ်သော 'မီးထွန်းပွဲ' ကို တားဆီးရန် ယင်းကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

၁၉၈၉ခုနှစ် ဧပြီလတွင် ပေကျင်းမြို့ တီအန်မင်ရင်ပြင်နှင့် အခြားတရုတ်မြို့များတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် အကျင့်ပျက်ခြစားမှု အဆုံးသတ်ရေး တောင်းဆိုသည့် ငြိမ်းချမ်းစွာ စုဝေးမှုများကြောင့် တီအန်မင်လှုပ်ရှာမှုသည် အရှိန်အဟုန်ဖြင့် ဖြစ်ပွားခဲ့သည်။

တရုတ်အစိုးရသည် ၁၉၈၉ ခုနှစ် မေလနှောင်းပိုင်းတွင် စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြင့် ပြင်းထန်သော ဆန္ဒပြမှုများကို တုံ့ပြန်ခဲ့သည်။

ဇွန် ၃ ရက်နှင့် ၄ ရက်တွင် စစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် လာရောက်ကြည့်ရှုသူ အရေအတွက် မရေတွက်နိုင်အောင် သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required