ပါကစ္စတန်အစိုးရက နိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများအတွက် လုံခြုံရေးစခန်း တည်ဆောက်ပေးမည်

ပါကစ္စတန်အစိုးရက နိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများအတွက် လုံခြုံရေးစခန်း တည်ဆောက်ပေးမည်

ပါကစ္စတန်တွင် တရုတ်နိုင်ငံသားများ ဆက်တိုက်ဆိုသလို ပစ်မှတ်ထားခံနေရသည့်ဖြစ်စဉ်များ ရှိနေချိန်တွင် အစ္စလာမာဘတ်ရဲတပ်ဖွဲ့သည် မဖြစ်မနေလိုအပ်သောဝန်ထမ်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးများအတွက် ဗဟိုရဲရုံး (CPO) တွင် နိုင်ငံခြားသားလုံခြုံရေး စခန်းတစ်ခု ဖွင့်လှစ်ရန် ဇွန် ၄ ရက်နေ့က ဆုံးဖြတ်လိုက်သည်။

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) မဟုတ်သော လုံခြုံရေးပရောဂျက်များတွင် စီမံကိန်းတွင် ပါဝင်သည့် စံသတ်မှတ်ချက်လုပ်ထုံးလုပ်နည်းအားလုံးကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့သည်ဟု The News International က ဖော်ပြသည်။ ထို့ပြင် အထူးဌာနခွဲ၊ အကြမ်းဖက်မှု နှိမ်နင်းရေးဌာန (CTD) နှင့် လုံခြုံရေးဌာနတို့က လုံခြုံရေးအစီအမံများကို အခါအားလျော်စွာ စစ်ဆေးမည်ဖြစ်သည်။

မြို့တော်ရဲတပ်ဖွဲ့သည် CPEC မဟုတ်သော စီမံကိန်းများတွင် ပါဝင်သည့်အခြားပုဂ္ဂလိကကုမ္ပဏီများအတွက် အလုပ်လုပ်ကိုင်နေသော တရုတ်လူမျိုးများကို ကူညီရန် တရုတ်စကားပြောသော ပါကစ္စတန်လူငယ် အမျိုးသား၊ အမျိုးသမီးများ၏ ဝန်ဆောင်မှုဖြင့် ကူညီပေးမည်ဖြစ်ကြောင်း သတင်း၌ဖော်ပြသည်။

တရုတ်နိုင်ငံသားနှင့်နိုင်ငံခြားသားများ၏ လုံခြုံရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် အတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

ဘလို့ချ်သောင်းကျန်းသူအဖွဲ့က ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အမြဲခြိမ်းခြောက်နေသောကြောင့် ပါကစ္စတန်တွင် ပထဝီနိုင်ငံရေးဆိုင်ရာပြဿနာများ ပေါ်ပေါက်လျက်ရှိသည်။

ဘာလို့ချ်သောင်းကျန်းသူများက တရုတ်သည် ပါကစ္စတန်အစိုးရနှင့်အတူ ဘာလိုချီစတန်၏ သဘာဝ အရင်းအမြစ်များကို လုယူသည့် နယ်ချဲ့အာဏာရှင်အဖြစ် ယူဆထားသောကြောင့် ဓာတ်ငွေ့ပိုက်လိုင်းများ နှင့် လျှပ်စစ်တာဝါတိုင်ကဲ့သို့သော CPEC အခြေခံဆောက်အအုံစီမံကိန်းများကို ပုံမှန် ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly