ရှန်ဟိုင်းတွင် ပိတ်ဆို့ကန့်သတ်မှုကို ရုတ်သိမ်းလိုက်သော်လည်း စိတ်ထိခိုက်မှုများ ဆက်ရှိနေ

ရှန်ဟိုင်းတွင် ပိတ်ဆို့ကန့်သတ်မှုကို ရုတ်သိမ်းလိုက်သော်လည်း စိတ်ထိခိုက်မှုများ ဆက်ရှိနေ

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဇွန်လ ၁ရက်က ပိတ်ဆို့ကန့်သတ်မှုကို ရုတ်သိမ်းလိုက်သော်လည်း ပြီးခဲ့သည့် ၂လတာ ပိတ်ဆို့ကန့်သတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဆက်လက်ကျန်ရှိနေသေးသည်။

ဘဏ္ဍာရေးအချက်အချာမြို့တွင် နေထိုင်သူများသည် ပိတ်ဆို့ကန့်သတ်မှုကြောင့် ထိခိုက် နာကျင်ခဲ့ရသည်များကို မမေ့နိုင်ကြသေးသဖြင့် လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပြုသည့် အစီအစဉ်သည် နှေးကွးပြီး နာကျင်ဖွယ်ဖြစ်နေသည်ဟု CNN က ဖော်ပြခဲ့သည်။

တင်းကျပ်စွာအကောင်အထည်ဖော်သော ကိုဗစ်ကင်းစင်ရေးမဟာဗျူဟာအပါအဝင် တရုတ်၏ ပြင်းထန်လွန်း သော ပိတ်ဆို့အရေးယူမှုများသည် ပြည်သူများက အစိုးရကိုဆန့်ကျင်ရန် ပိုမိုလှုံ့ဆော်ခဲ့ပြီး မကြာသေးမီက အလွန် အကျွံလုပ်ဆောင်မှုများကြောင့် ပြည်သူများနှင့် အမြဲတမ်းကင်းကွာသွားစေနိုင်သည်ဟု ကျွမ်းကျင်သူများက အကြံပြုထားသည်။

မေ ၃၁ရက် မွန်းလွဲပိုင်းက နေထိုင်ရာအသိုက်အဝန်းမှ စွန့်စားထွက်လာခဲ့သည့် အသက် ၃၀ အရွယ် ဓာတ်ပုံ ဆရာ ဟင်နရီရှစ်သည် အပြင်သို့ထွက်လာချိန်တွင် ပထမဆုံးကြုံတွေ့ခဲ့ရသည်မှာ မြို့ပြ၏ ဆူညံလွန်းသည့် ပတ်ဝန်းကျင်ပင်ဖြစ်သည်။

“လူတွေအားလုံး အိမ်မှာနေကြတုန်းကတော့ မြို့ကြီးက တကယ်ကို ဆိတ်ငြိမ်နေပါတယ်။ အခုတော့ လမ်းတွေ ပေါ်မှာ ကားသံတွေ ဆူညံနေပြီး လူတွေ စည်ကားနေတယ်။ ကျွန်တော့်အနေနဲ့ အကြာကြီး အိပ်ပျော်နေတာ ကနေ ပြန်နိုးထလာသလိုပါပဲ''

ဇွန် ၁ရက် နံနက်ပိုင်းမှ စတင်၍ မြို့တွင်းနေထိုင်သူ ၂၅ သန်း၏ အများစုသည် ရပ်ရွာများကို လွတ်လပ်စွာ သွားလာနိုင်ပြီး၊ ဈေးဆိုင်များနှင့် ရုံးခန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ကာ ကားများသည် လမ်းများပေါ်တွင် ပြန် လည်သွားလာပြီး မြေအောက်ရထားနှင့် ဘတ်စ်ကားများသည် ဝန်ဆောင်မှုများ ပြန်လည်စတင်နေပြီဟု CNN က ဖော်ပြခဲ့သည်။

အစိုးရက ကိုဗစ်ကင်းစင်ရေးမူဝါဒကို ထက်ထက်သန်သန် လိုက်နာကျင့်သုံးခြင်းကြောင့် ရှန်ဟိုင်းမြို့တွင်ခံစားခဲ့ ရသော ဝေဒနာနှင့် နာကျင်မှုများကို မျက်မြင်ကိုယ်တွေ့ ခံစားခဲ့ရသူတို့အတွက် ခါးသီးမှု၊ ဝမ်းနည်းမှုနှင့် ဒေါသများ ကျန်ရှိနေသေးသည်။

စနစ်မကျသည့် ပိတ်ဆို့ကန့်သတ်မှုကြောင့် အစာရေစာ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ် လူနာများ အတွက် ဆေးကုသမှု နှောင့်နှေးစေခဲ့သည်။

ကလေးသူငယ်များကိုလည်း မိဘများနှင့် သီးသန့်ခွဲထားခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly