တရုတ်အစိုးရက စီချွမ်ပြည်နယ်ရှိ တိဗက်များထံမှ ကိုယ်ရေးကိုယ်တာအချက်အလက်များ အတင်းအကျပ် ကောက်ခံနေ

By Tibet Collective
05 June 2022
တရုတ်အစိုးရက စီချွမ်ပြည်နယ်ရှိ တိဗက်များထံမှ ကိုယ်ရေးကိုယ်တာအချက်အလက်များ အတင်းအကျပ် ကောက်ခံနေ

စီချွမ်ပြည်နယ်၏ အစိတ်အပိုင်းဖြစ်သည့် တိဗက်ရှိ ကာဇီစီရင်စုမှဒေသခံများသည် ပြည်ပရှိဆွေမျိုးများ၏ ဖုန်းနံပါတ်များ၊ လူမှုမီဒီယာအကောင့်များနှင့် တခြားအသေးစိတ်အချက်အလက်များကို အာဏာပိုင်များထံပေးရန် တရုတ်အစိုးရက ညွှန်ကြားထားသည်။

တိဗက်ကုန်းပြင်မြင့်တစ်ခွင် တရုတ်အုပ်ချုပ်သော တိဗက်ဒေသအများအပြားတွင် အစောပိုင်းကလည်း ထိုဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။

ဒရာဂိုကောင်တီမှ တိဗက်များသည် ထိုသို့သောအချက်အလက်များကို မှန်မှန်ကန်ကန်မပေးပါက အိမ်ရာများ အသိမ်းခံရကာ တခြားသောအစိုးရထောက်ပံ့ရေးစနစ်များမှလည်း ဖယ်ရှားခံရမည်ဟုဆိုသည်။ ဒေသဆိုင်ရာတာဝန်ရှိသူများသည် တစ်အိမ်တက်တစ်အိမ်ဆင်း အချက်အလက်များကို ကောက်ခံနေသည်ဟု ဒေသခံများနှင့်အဆက်အသွယ်ရှိသည့် အဝေးရောက်တိဗက်တစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးအခြေအနေနှင့်ပတ်သက်၍ အချက်အလက်များတွင် ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေနှင့် ထပ်မံထိုးရမည့်အကြိမ်ရေတို့လည်း ပါဝင်ရမည်ဟုဆိုသည်။ ကာကွယ်ဆေးနှင့် ပတ်သက်သော အသေးစိတ်ကို အာဏာပိုင်များ ကောက်ယူနေမှုနှင့်စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း မသိရပေ။

ပြည်ပတွင်နေထိုင်သော ဆွေမျိုးများ၏ ဖုန်းနံပါတ်များနှင့် လူမှုမီဒီယာအကောင့်များအပါအဝင် အချက်အလက်များပေးရန် ပျက်ကွက်ပါက ဒေသခံများသည် အိမ်ထောင်စုစာရင်းမှ ဖယ်ရှားခံရကာ အစိုးရ၏အကူအညီအထောက်အပံ့အားလုံး ငြင်းပယ်ခံရမည်ဖြစ်သည်။

တရုတ်သည် ထိုအသေးစိတ်အချက်အလက်များနှင့်အတူ ပြည်ပတွင် နေထိုင်သော တိဗက်များနှင့် တခြားဝေဖန်သူများ၏ လှုပ်ရှားမှုများကို ခြေရာခံခြင်းက ၎င်းတို့လုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူစေရုံသာမက ၎င်းအုပ်ချုပ်မှုအောက်တွင်ရှိသော ဆွေမျိုးများဖြင့် ဖိအားပေးနိုင်လိမ့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly