“ဆက်သွယ်ရေးသာ ဖြတ်လို့ရမယ် တော်လှန်စိတ်ကိုဖျက်လို့မရဘူး” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၄၉ ရက်မြောက်ချီတက်

03 June 2022
“ဆက်သွယ်ရေးသာ ဖြတ်လို့ရမယ် တော်လှန်စိတ်ကိုဖျက်လို့မရဘူး” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၄၉ ရက်မြောက်ချီတက်

ဇွန် ၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၄၉ ရက်မြောက်အဖြစ် ယနေ့ ဇွန်လ ၃ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။

“ဆက်သွယ်ရေးသာ ဖြတ်လို့ရမယ် တော်လှန်စိတ်ကိုဖျက်လို့မရဘူး” စာတန်း အားကိုင်ဆွဲကာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံမျခဲ့ကြသည်။ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

#စစ်ကိုင်းတိုင်း

#ဆားလင်းကြီးမြို့နယ်

#ယင်းမာပင်မြို့နယ်

#ရွာပေါင်းစုံသပိတ်စစ်ကြောင်း

#ချီတက်ဆန္ဒပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly