ဇွန် ၃
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၄၉ ရက်မြောက်အဖြစ် ယနေ့ ဇွန်လ ၃ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။
“ဆက်သွယ်ရေးသာ ဖြတ်လို့ရမယ် တော်လှန်စိတ်ကိုဖျက်လို့မရဘူး” စာတန်း အားကိုင်ဆွဲကာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံမျခဲ့ကြသည်။
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။