လောင်းလုံးတွင် ကင်းလှည့်လာသည့် စစ်ကောင်စီ ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

လောင်းလုံးတွင် ကင်းလှည့်လာသည့် စစ်ကောင်စီ ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

ဇွန် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရဲစခန်းမှ ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီကား နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း LLPDF က ယနေ့ ဇွန်လ ၂ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် အင်အား ၁၅ ဦးခန့်လိုက်ပါလာသည့် အဆိုပါကားနှစ်စီးကို ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF)နှင့် Dawei Defenes Team -DDT တပ်ခွဲ (၃) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

ထို ကင်းလှည့်ကား နှစ်စီးကို ညင်းမော်ရွာကြား ပိုးစာပန်ဟုခေါ်သည့်နေရာတွင် လက်လုပ်ဗုံးလေးလုံးဖြင့်မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ လက်နက်ချင်းမျှ၍ PDF ပူးပေါင်းတပ်မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းနှင့် မိုင်းဆွဲတိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို အတည် မပြုနိုင်သေးကြောင်း LLPDF က ထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုအပြီး ညင်းမော်ကျေးရွာ၏ အနောက်ဘက် တောတောင်များထဲတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းထိုး ရှာဖွေမှုများလုပ်ဆောင်နေသည့်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေသခံများသတင်းရင်းမြစ်များက မဟုတ်ကြောင်း ပြောဆိုသည်။

#ထားတယ်ခရိုင်

#မိုင်းဆွဲတိုက်ခိုက်

#ညင်းမော်ရွာ

#LLPDF

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly