ပါကစ္စတန်၌ လောင်စာဆီနှင့် လျှပ်စစ်အကျပ်အတည်း ကြုံတွေ့ရပြီးနောက် ဂျုံဈေးနှုန်းများ စံချိန်တင် မြင့်တက်

ပါကစ္စတန်၌ လောင်စာဆီနှင့် လျှပ်စစ်အကျပ်အတည်း ကြုံတွေ့ရပြီးနောက် ဂျုံဈေးနှုန်းများ စံချိန်တင် မြင့်တက်

ပါကစ္စတန်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးနှင့် စီးပွားရေး မတည်မငြိမ်ဖြစ်မှုတို့အကြား မကြုံစဖူးသော ဂျုံအကျပ်အတည်းတစ်ခုကို ရင်ဆိုင်ရနိုင်သည့် အခြေအနေတွင် ရှိနေသည်။ နိုင်ငံတွင်း၌ ယခုနှစ်တွင် ဂျုံ အထွက်နှုန်းက မက်ထရစ်တန် ၂သန်းကျော် လျော့နည်းမည်ဟု ခန့်မှန်းရသည်။

ဂျုံ ရှားပါးပြတ်လပ်မှုကြောင့် ဈေးနှုန်းများကို မြင့်တက်စေခဲ့သည်ဖြစ်ရာ ယင်းက နိုင်ငံ၏ တိုးတက်မှုမရှိဘဲဖြစ်နေသည့် စီးပွားရေးအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ဂျုံ အကျပ်အတည်းက နိုင်ငံတွင် မရပ်စဲသော အပူလှိုင်းများနှင့် သက်ဆိုင်လျက်ရှိသည်။

ပါကစ္စတန်သည် ယခုရာသီတွင် ဂျုံ မက်ထရစ် တန်ချိန် ၂၈ ဒသမ ၉ သန်း ထွက်ရှိရန် လျာထားချက်တစ်ခု ထားရှိခဲ့သော်လည်း လက်ရှိအနေအထားအရ ဂျုံ မက်ထရစ် တန်ချိန် ၂၆ ဒသမ ၉ သန်းသာ ရိတ်သိမ်းနိုင်မည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သည့် မတ်လလယ်က မျှော်လင့်မထားဘဲ အပူလှိုင်း စောစီးစွာ ကျမှုကြောင့် ဂျုံ သီးနှံများကို ထိခိုက် စေခဲ့သလို ဈေးနှုန်းမြင့်မားမှု သို့မဟုတ် ဝယ်ယူ၍ မရရှိနိုင်မှုတို့ကြောင့် မြေဩဇာ (DAP နှင့် ယူရီးယား နှစ်မျိုးစလုံး) အသုံးချနိုင်စွမ်း အားနည်းခြင်း နှင့် ရေ ရှားပါးမှုတို့ကလည်း သီးနှံများကို လျော့နည်းစေခဲ့ကြောင်း Dawn မီဒီယာက ဖော်ပြသည်။

နိုင်ငံတွင် စာရင်းရှင်လိုငွေပြမှု အလျင်အမြန် တိုးလာမှုကို ဘဏ္ဍာငွေထောက်ပံ့နိုင်ရန် ရုန်းကန်နေရစဉ် နိုင်ငံဘဏ္ဍာတိုက်မှ ဒေါ်လာ ဘီလီယံများစွာကို ကုန်ခန်းစေသည့် ကြီးမားသော လောင်စာဆီနှင့် လျှပ်စစ်ဆိုင်ရာ ထောက်ပံ့ငွေများ ပေးအပ်မှုကို အစိုးရဘက်က ပြန်ရုပ်သိမ်းထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly