အမေရိကန်ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေသည့် ထိုင်ဝမ်အနီးသို့ တရုတ်က စစ်လေယာဉ် အစီး ၃၀ စေလွှတ်

အမေရိကန်ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေသည့် ထိုင်ဝမ်အနီးသို့ တရုတ်က စစ်လေယာဉ် အစီး ၃၀ စေလွှတ်

အမေရိကန်ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ထိုင်ဝမ်သို့ ကြိုတင်စီစဉ်မထားသော အလည်အပတ်ခရီး ရောက်ရှိနေချိန်တွင် တရုတ်က ထိုင်ဝမ်ကျွန်း၏ လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုတ် (ADIZ) အတွင်းသို့ စစ်လေယာဉ်အစီး ၃၀ ဖြင့် ကျူးကျော်ဝင်ရောက်ခြင်းဖြင့် ၎င်း၏ရန်လိုမှုကို ထိုင်ဝမ်အား ထပ်မံပြသလိုက်သည်။

အီလီနွိုက်ဒီမိုကရက်အမတ် ဆန်တမ်မီဒက်ဝါ့သ်ဦးဆောင်သော အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် ကြိုတင်ကြေညာထားခြင်းမရှိဘဲ မေ ၃၀ ရက်က တိုင်ပေသို့ရောက်ရှိခဲ့ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက CNN သို့ ပြောသည်။

ထိုင်ဝမ်၏ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တရုတ်စစ်လေယာဉ်အစင်း၃၀ သည် ၎င်း၏ လေ ကြောင်းကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ၄ လကျော်အတွင်း တစ်နေ့တာကျူးကျော်ဝင်ရောက်မှု အများဆုံးအရေအတွက်ဖြစ်ကြောင်း ပြောသည်။

ထိုင်ဝမ်စစ်တပ်က ရေဒီယိုသတိပေးချက် ထုတ်ပြန်ခဲ့ပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် လှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။

ကိုယ်စားလှယ်အဖွဲ့သည် မေ ၃၁ ရက်က ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့်တွေ့ဆုံခဲ့ပြီး ဒေသဆိုင်ရာလုံခြုံရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် အမေရိကန်-ထိုင်ဝမ်နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်သော ကိစ္စရပ်များအားလုံးကို နွေးခဲ့ကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မကြာသေးမီက သမ္မတအနေဖြင့် ပထမဆုံး အာရှခရီးစဉ်သွားရောက်ခဲ့ပြီး ထိုင်ဝမ်နှင့်တရုတ်ပြည်မကြီးဆိုင်ရာ အမေရိကန်သံတမန်ရပ်တည်ချက်နှင့်ပတ်သက်ပြီး ဆွေးနွေးပြီးနောက် အမေရိကန်ကွန်ဂရက်ကိုယ်စားအဖွဲ့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကို အင်အားအလုံးအရင်းဖြင့် ကျူးကျော်ရန် ကြိုးစားလာပါက အမေရိကန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရလိမ့်မည်ဟု ဘိုင်ဒင်က မေလအစောပိုင်းကပြုလုပ်သည့် တိုကျိုသတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly