ပါကစ္စတန်နှင့် သီရိလင်္ကာတွင် တရုတ်နိုင်ငံသားများ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရ

ပါကစ္စတန်နှင့် သီရိလင်္ကာတွင် တရုတ်နိုင်ငံသားများ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရ

တရုတ်၏ ဗီဇပါ အမြတ်ထုတ်သည့် ခါးပတ်လမ်းရပ်ဝန်း စီမံကိန်း (BRI) မှတစ်ဆင့် နိုင်ငံများအား အကြွေးထောင် ချောက်အတွင်းနစ်စေရန် ရစ်ပတ်ထားသည့် တရုတ်သည် ယင်းကိုယ်တိုင်အနှောင်အဖွဲ့အတွင်း ပိတ်မိနေပုံ ရသည်။

ပါကစ္စတန်နှင့် သီရိလင်္ကာကဲ့သို့ တရုတ်အပေါ် အကြွေးတင်သောနိုင်ငံများမှ လူများသည် ယခုအခါ တရုတ် နိုင်ငံသားများကို ပြန်လည် တုံ့ပြန် တိုက်ခိုက်လာကြသည်။

ပြီးခဲ့သည့် ဧပြီလက ပါကစ္စတန်တွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုအတွင်း တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ သည်။

သီရိလင်္ကာတွင် တရုတ်လိုလားသောဝန်ကြီးချုပ် မဟိန္ဒရာ ရာဂျာပတ်စာရာထူးမှ နုတ်ထွက်ပြီးနောက် တရုတ် အစိုးရက သီရိလင်္ကာတွင် အလုပ်လုပ်နေသောနိုင်ငံသားများအား တိုက်ခိုက်မှုများကို သတိထားရန်ပြောကြား ခဲ့ကြောင်း Islam Khabar သတင်းဌာနက ဖော်ပြခဲ့သည်။

ဧပြီ ၂၆ ရက်ကလည်း ဘလူးလွတ်မြောက်ရေးတပ်မှ ဘူကာဝတ်အမျိုးသမီး အသေခံဗုံးခွဲသမား တစ်ဦးက ကရာချိတက္ကသိုလ် ကွန်ဖြူးရှပ်အဖွဲ့အစည်း၏ ခရီးသည်တင်ဘတ်စ်ကား တစ်စီးတွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့ရာ တရုတ် ဆရာ၃ ဦး သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။

ဘလူးချ်လွတ်မြောက်ရေးတပ်က တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံတည်ဆောက်ခြင်းကို ဆန့်ကျင် ကန့်ကွက်ခဲ့သည်။

၂၀၂၁ခုနှစ်က ပါကစ္စတန်ရှိ ဒါစုရေအားလျှပ်စစ်စီမံကိန်းတွင် ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် တရုတ်အင်ဂျင်နီယာ ၉ ဦး သေဆုံးခဲ့သည်။ ပါကစ္စတန်အစိုးရက အဆိုပါဖြစ်ရပ်အတွက် လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ဘီလီယံ ပေးခဲ့ရကြောင်း Islam Khabar က ဖော်ပြခဲ့သည်။

သီရိလင်္ကာတွင်လည်း မကြုံစဖူးနိုင်ငံခြားငွေကြေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး တရုတ် နိုင်ငံသို့ သီရိလင်္ကာ၏ ကြွေးမြီပြန်ဆပ်ကာလ ပြန်လည်ပြင်ဆင်ရန် တောင်းဆိုမှုသည်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။

မေလ ၁၀ ရက်က တရုတ်က သီရိလင်္ကာရှိ တရုတ်နိုင်ငံသားများအား အကြံပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုများ  အမြောက်အမြားပြုလုပ်ထားသည့် သီရိလင်္ကာတွင် အကြမ်းဖက်ဖြစ်စဉ်များကို အနီးကပ် စောင့်ကြည့်နေပြီး သီရိလင်္ကာတွင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား အန္တရာယ်များ ကင်း စေရန် သတိဖြင့်နေထိုင်ရန် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required