လူနည်းစုဝင်များကို တရားဥပဒေမဲ့ သတ်ဖြတ်မှုအတွက် ပါကစ္စတန်ကို ဘရက်ဆဲလ်မြို့ ညီလာခံက ပြစ်တင်ဝေဖန်

By Zee5
30 May 2022
လူနည်းစုဝင်များကို တရားဥပဒေမဲ့ သတ်ဖြတ်မှုအတွက် ပါကစ္စတန်ကို ဘရက်ဆဲလ်မြို့ ညီလာခံက ပြစ်တင်ဝေဖန်

“ပါကစ္စတန်ရှိ အစ္စလမ်ဝါဒနှင့် လူ့အခွင့်အရေး” ဆိုင်ရာ ညီလာခံတစ်ရပ်ကို ပြီးခဲ့သည့် မေလ ၂၄ ရက်က ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့ Leuvenseweg ရှိ Flemish ပါလီမန်တွင် ကျင်းပခဲ့သည်။

အဆိုပါ ညီလာခံကို ညီညွတ်သော ကက်ရှ်မီးယား ပြည်သူ့ အမျိုးသားပါတီ (UKPNP) ၏ ပြည်ပရောက် ဥက္ကဋ္ဌ ဆာဒါ ရှောကတ် အလီ ကက်ရှ်မီရီ ၊ UKPNP ၏ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဆာဒါ နက်စီရာ အဇစ် ခန်း ၊ UKPNP (ဥရောပ) ၏ ဥက္ကဋ္ဌ ဆာဒါ အာဂျက်ဒ် ယူဆက်ဖ် ၊ UKPNP ၏ ဒုဥက္ကဋ္ဌ ဆီကန်ဒါ အာဘတ်စ် အပါအဝင် အခြားသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲရမည့်အစား သက်ဆိုင်ရာ ပါကစ္စတန်အာဏာပိုင်အားလုံး လုပ်ဆောင်နေခဲ့သည်က ဆုံးဖြတ်ချက်များကို သဘောတူလက်ခံခဲ့ခြင်းပင် ဖြစ်ကြောင်း UKPNP ၏ နိုင်ငံခြားရေးရာ ကော်မတီမှ ဗဟိုအတွင်းရေးမှူး ဂျမီလ် မာဆွတ်ဒ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

၁၉၇၃ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သော်လည်း ပါကစ္စတန်အာဏာပိုင်တို့သည် လူနည်းစုများအပေါ် ဆက်လက် ခေါင်းပုံဖြတ် အမြတ်ထုတ်နေခဲ့ပြီး ယင်းသို့ဖြစ်နေခြင်း၏ အကြောင်းမှာ နိုင်ငံတွင် လူနည်းစုဦးရေသည် သုံးရာခိုင်နှုန်းအထိ ကျဆင်းထားခဲ့၍ ဖြစ်သည်။

ထို့ပြင် ပါကစ္စတန်အာဏာပိုင်တို့သည် ၁၉၇၃ ခုနှစ်တွင် ဘာသာရေးစော်ကားမှုဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေဖြင့် ဟိန္ဒူများ၊ ဆစ်ခ်များနှင့် ခရစ်ယာန်များကို နှိမ်နှင်းရန် အသုံးပြုခဲ့သည်ဟု မာဆွတ်ဒ်က ပြောသည်။

ပါကစ္စတန်တွင် ဟိန္ဒူ အမျိုးသမီးများ ပြန်ပေးဆွဲခံခဲ့ရပြီး မွတ်ဆလင်များနှင့် အတင်းအကျပ် ပေးစားမှုများ ရှိခဲ့သည်။ မကြာသေးခင်ကလည်း ဆစ်ခ်ဘာသာဝင် လူငယ်နှစ်ဦး ပက်ရှာဝါမြို့၌ အသတ်ခံခဲ့ရသည်။ ထို့ပြင် လူနည်းစုများကို ခြိမ်းခြောက်ရန်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှု အဆောက်အအုံများကို လုယူရန် အသုံးပြုသည့် ဥပဒေများ ရှိနေကြောင်း မာဆွတ်ဒ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly