ကြံခင်းမြို့ အခွန်ဦးစီးဌာနရုံးရှေ့ ဗုံးပေါက်ကွဲ

ကြံခင်းမြို့ အခွန်ဦးစီးဌာနရုံးရှေ့ ဗုံးပေါက်ကွဲ

မေ ၃၀

ဧရာဝတီတိုင်း၊ ကြံခင်းမြို့၊ ကြံခင်း-ဆိတ်သာ လမ်းဘေးရှိ အခွန်ဦးစီးဌာန ရုံးရှေ့တွင် မေလ ၂၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယင်းရုံးရှေ့ အုတ်တံတိုင်း ဘေးတွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"မနက်အစောကြီး တိတ်ဆိတ်နေတဲ့ အချိန် ပေါက်တာ ဆိုတော့ အသံတော့ တော်တော်ကျယ်တယ်။ ပျက်စီးတာတွေ ထိခိုက် ဒဏ်ရာ ရတာတွေ ရှိတယ်လို့တော့ သတင်း မကြားသေးဘူး။ စစ်တပ်နဲ့ ရဲတွေကတော့ အသံဗုံး ပေါက်တာလို့ ပြောနေကြတယ်" ဟု ဒေသခံက ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီ အနည်းငယ် အကြာတွင် စစ်ကောင်စီတပ်များနှင့် ရဲများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံက ပြောသည်။

#Mizzima

#ကြံခင်းမြို့

#ကြံခင်း-ဆိတ်သာလမ်း

#အခွန်ဦးစီးဌာန

#ဗုံးပေါက်ကွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required