တရုတ်အကျဉ်းစခန်းမှ လွတ်မြောက်လာသော ဝီဂါတစ်ဦး၏ နာရေးပို့ဆောင်စဉ် သားဖြစ်သူ မူးလဲသေဆုံး

တရုတ်အကျဉ်းစခန်းမှ လွတ်မြောက်လာသော ဝီဂါတစ်ဦး၏ နာရေးပို့ဆောင်စဉ် သားဖြစ်သူ မူးလဲသေဆုံး

တရုတ်နိုင်ငံ တိုင်းရင်းသားလူနည်းစုဒေသဖြစ်သည့် ရှင်ကျန်း၌ ရွှေပန်းထိမ်ဆရာတစ်ဦးသည် သမ္မတရှီကျင့်ဖျင် ၏ ထိန်းသိမ်းရေးစခန်းမှ လွတ်မြောက်လာပြီးနောက် ရက်ပေါင်း ၂၀ အကြာ၌ သေဆုံးခဲ့ကာ နောက်တစ်ရက် ၎င်း၏ အသုဘ၌ သားဖြစ်သူလည်း ထပ်မံသေဆုံးခဲ့သည့် တုန်လှုပ်ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။

အသက် ၄၃ နှစ်အရွယ် ယာကွတ်ဟက်ဆန်သည် ဧပြီလက ဂူဂျာလ်မြို့ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး မေ ၁ ရက်တွင် သေဆုံးခဲ့သည်။ နောက်တစ်ရက်၌ သားဖြစ်သူ ဘီလာယာကွတ်သည် ဖခင်ဖြစ်သူ၏ ခေါင်းတလားကိုသယ်ဆောင်ရင်း မူးမေ့လဲကာ ထပ်မံ သေဆုံးခဲ့သည်ဟု RFA က ဖော်ပြသည်။

တရုတ်က အွန်လိုင်းသတင်းအချက်အလက်များကို ပြင်းပြင်းထန်ထန် တားမြစ်ထားသော်လည်း အကျဉ်းထောင်နှင့် ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော ဝီဂါသေဆုံးမှုသတင်းများသည် Facebook နှင့် တခြားလူမှုမီဒီယာပလက်ဖောင်းများတွင် ပျံ့နှံ့လျက်ရှိသည်။

မီဒီယာပလက်ဖောင်းများ၌ တင်ထားသော ဗီဒီယိုများနှင့် ဓာတ်ပုံအများအပြားသည် အသက် ၅၀ နှစ်အောက်ရှိ သေဆုံးသွားသော ဝီဂါများဖြစ်ကြပြီး ၎င်းတို့သည် ထိန်းသိမ်းခံရစဉ်အတွင်းတွင် ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခဲ့သည်။

ဝီဂါအများအပြားသည် ထောင်များနှင့် အကျဉ်းစခန်းများမှ လွတ်မြောက်လာပြီးနောက် သေဆုံးကြကြောင်း ဟက်ဆန်နေထိုင်သည့် ဂူလ်ဂျာမြို့ ရပ်ကွက်ကော်မတီမှ ဒေသခံတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ RFA က ဖော်ပြခဲ့သည်။

မြူနီစီပယ်ရဲများ၊ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များနှင့် တရုတ်အစိုးရတာဝန်ရှိသူတို့သည် ဟက်ဆန်၏ အသုဘသို့ တက်ရောက်ခဲ့သည်ဟု ဂူလ်ဂျာဒေသခံ အဝေးရောက်ဝီဂါတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required