အမေရိကန်ကို သတိပေးရန် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ် ပြောကြား

အမေရိကန်ကို သတိပေးရန် ထိုင်ဝမ်အနီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ် ပြောကြား

တရုတ်စစ်တပ်သည် မကြာသေးမီက ထိုင်ဝမ်အနီးတစ်ဝိုက်တွင် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်က မေလ ၂၅ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် အမေရိကန်နှင့် ထိုင်ဝမ်၏ “ပူးပေါင်း ဆောင် ရွက်မှု” ကို ဆန့်ကျင်ကြောင်း လေးနက်သောသတိပေးချက်တစ်ရပ်ဖြစ်ကြောင်း တရုတ်မီဒီယာတစ်ခုက ဖော်ပြ ခဲ့သည်။

ထိုင်ဝမ်အပေါ် အမေရိကန်မူဝါဒ အပြောင်းအလဲတစ်ရပ်ကို အချက်ပြသည့်အနေဖြင့် မေ ၂၃ရက်တွင် တရုတ်က ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်မည်ဆိုပါက အမေရိကန်က စစ်ရေးအရ ပါဝင်ရမည်ဟု အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် ၏ ပြောကြားချက်ကြောင့် တရုတ်ကို ဒေါသထွက်စေခဲ့သည်။

သို့သော် အမေရိကန်၏ မူဝါဒကို အပြောင်းအလဲမရှိကြောင်း မေ ၂၄ရက်တွင် ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်တစ်ဝိုက်ရှိ လေပိုင်နက်နှင့် ပင်လယ်ပြင်တို့တွင် မကြာသေးမီက ကင်းလှည့်ခြင်းနှင့် စစ်ရေးလေ့ကျင့်မှု များ ပြုလုပ်ခဲ့ကြောင်း တရုတ်တပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်မှ ပြောကြားခဲ့သည်။

“ဒါက အမေရိကန်နဲ့ ထိုင်ဝမ်ကြား မကြာသေးမီက ပူးပေါင်းမှုအပေါ် လေးနက်တဲ့သတိပေးချက်ပါပဲ” ဟု အရှေ့ပိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှီရီက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် ဖော်ပြခဲ့ သည်။

“ထိုင်ဝမ်ကိစ္စမှာ အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်နေတာက အရေခြုံသီလကြောင်ဖြစ်ပြီး အမေရိကန်အတွက် အချည်းအနှီးပါပဲ” ဟု ၎င်းက ဆိုသည်။

ထိုင်ဝမ်ကို ယင်း၏ ထိန်းချုပ်မှုအောက်သို့ ပို့ဆောင်ရန် တရုတ်က အင်အားအသုံးပြုမှုကို မည်သည့်အခါမှ စွန့်လွှတ်ခြင်းမရှိသကဲ့သို့ ထိုင်ဝမ်ရေလက်ကြားသည် အလားအလာရှိသော စစ်ရေးပွတ်တိုက်စရာနေရာ တစ်ခု အဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။

အမေရိကန်က တရုတ်ကို အသိအမှတ်ပြုပြီး “တရုတ်တစ်နိုင်ငံ” မူဝါဒကို လိုက်နာနေချိန်တွင် ယင်း၏ ထိုင်ဝမ် ဆက်ဆံရေးအက်ဥပဒေအရ “ထိုင်ဝမ်ကို ခုခံကာကွယ်ရန် နည်းလမ်းများ ပံ့ပိုးကူညီရန်” ကတိကဝတ်ပြု ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly