သရက်ချောင်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ် သပိတ်ပြုလုပ်

By ကိုရွှေမြိတ်
29 May 2022
သရက်ချောင်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ် သပိတ်ပြုလုပ်

သရက်ချောင်း၊ မေလ၊ ၂၉

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ယမန့်နေ ညနေပိုင်းအချိန်က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ် သပိတ်ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ ဆိုင်ကယ် သပိတ်ကို မေလ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် "ဘယ်နယ်ထိထိ ထားဝယ်နဲ့ ငြိတာဘဲ" ဆိုသည့် ဘန်းနားကိုင်ဆွဲကာ သရက်ချောင်းမြို့နယ် သပိတ်ကော်မတီဝင်များ နှင့် သရက်ချောင်းမြို့နယ်က တော်လှန်ရေးရဲဘော်များ ပူပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် လှုပ်ရှားခဲ့ကြသည်။

#တနင်္သာရီတိုင်း

#ထားဝယ်ခရိုင်

#သရက်ချောင်းမြို့နယ်

#ဆိုင်ကယ်သပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly