ပါကစ္စတန်တွင် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများကို ဝေဖန်မှုအတွက် အကြီးတန်းဂျာနယ်လစ်များအမှုဖွင့်ခံရ

ပါကစ္စတန်တွင် နိုင်ငံတော်အဆင့် အဖွဲ့အစည်းများကို ဝေဖန်မှုအတွက် အကြီးတန်းဂျာနယ်လစ်များအမှုဖွင့်ခံရ

ပါကစ္စတန်နိုင်ငံတွင် နိုင်ငံအင်စတီကျူးရှင်းများကို ဝေဖန်သည်ဟု ဆိုကာ အကြီးတန်းဂျာနယ်လစ်များ နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံထားရသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ ဂျာနယ်လစ်များသည် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း ဦးဆောင်သော ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီနှင့် နီးစပ်သူများ ဖြစ်သည်ဟု ယေဘုယျ နားလည်ရသည်။

ဂျာနယ်လစ်များအား ပထမသတင်းပေးတိုင်ကြားချက်များ (FIR) ဖွင့်ခြင်းအပေါ် PTI ပါတီ ဥက္ကဋ္ဌ အီမရန် ခန်းက ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်က “နိုင်ငံရေးအရ လက်တုံ့ပြန်ခြင်း” ဖြစ်သည်ဟု ပြောခဲ့သည်။

ထို့ပြင် ယခု “အတုအယောင် FIR” များ၏ နောက်ကွယ်တွင် အစိုးရ ရှိနေကြောင်းနှင့် ယင်းက “လုံးဝ လက်သင့်ခံနိုင်စရာ မရှိ” ဟု ခန်းက ပြောခဲ့ကြောင်း Dawn မီဒီယာက ဖော်ပြသည်။

အလားတူ နိုင်ငံတွင် အထူးသဖြင့် စစ်တပ်နှင့် တရားရေးကဲ့သို့ နိုင်ငံအဆင့်အဖွဲ့အစည်းများကို လှောင်ပြောင် သရော်သည့် အကြောင်းအရာများ ထုတ်လွှင့်ဖော်ပြခြင်း မပြုရန် ပါကစ္စတန် အီလက်ထရောနစ် မီဒီယာ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့ (PEMRA) က ရုပ်သံ ချန်နယ်များကို သတိပေးထားသည်။

ထုတ်လွှင့်ဖော်ပြမှုများက ပြဋ္ဌာန်းထားသော စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည်ဆိုပါက ထုတ်လွှင့်ဖော်ပြမှုအတွက် တာဝန်ရှိသော လူပုဂ္ဂိုလ်အနေဖြင့် ရုပ်သံထုတ်လွှင့်မှု ဆိုင်းငံ့ခံရခြင်း၊ ကြိုတင် အသိပေးခြင်းမရှိဘဲ ဒဏ်တပ်ခံရခြင်းကဲ့သို့ ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု PEMRA က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required