အမျိုးသမီး အခွင့်အရေးအတွက် တာလီဘန်ခေါင်းဆောင်ပိုင်းတွင် အများယုံကြည် လက်ခံနိုင်မှု မရှိဟု HRW ပြော

By The Print
27 May 2022
အမျိုးသမီး အခွင့်အရေးအတွက် တာလီဘန်ခေါင်းဆောင်ပိုင်းတွင် အများယုံကြည် လက်ခံနိုင်မှု မရှိဟု HRW ပြော

နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အမျိုးသမီး အခွင့်အရေးဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှူးဖြစ်သလို အာဖဂန်နစ္စတန်ဆိုင်ရာ အကြီးတန်း သုတေသီဟောင်းလည်းဖြစ်သည့် ဟယ်သာ ဘားသည် ပြီးခဲ့သည့် မေလ ၂၀ ရက်က အာဖဂန်အမျိုးသမီးများနှင့်ပတ်သက်သည့် တာလီဘန်တို့၏ ရက်စက်သော မှတ်ချက်စကားများကို တွစ်တာကနေတဆင့် မီးမောင်းထိုး ပြောဆိုခဲ့သလို တာလီဘန်အဖွဲ့၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ တိုးလာမှုအပေါ် ပြစ်တင်ဝေဖန်လိုက်သည်။

“တာလီဘန် ခေါင်းဆောင်ပိုင်းရဲ့ ပုဂ္ဂိုလ်အားလုံးတိုင်းမှာ ဆိုရင် အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေနဲ့ပတ်သက်လို့ အများ ယုံကြည်လက်ခံနိုင်စွမ်းက လုံးဝ ကင်းမဲ့နေပါတယ်” ဟု သူမက တွစ်တာတွင် ရေးရင်း အာဖဂန်နစ္စတန်တွင် ဖြစ်ပျက်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရည်ညွှန်းခဲ့သည်။

“သူတို့ဟာ အာဏာယူချိန်တုန်းကတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် လေးစားမှု ပေးမယ် ဆိုတဲ့ တင်ပြချက်တွေ လုပ်ခဲ့ကြတယ်။ နောက်ပိုင်းကျတော့ နေ့တိုင်းဆိုသလို အဲဒီမှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုအသစ်တွေ လုပ်လာခဲ့သလို အချိန်ကြာလာတာနဲ့အမျှ အဲဒါက ဆက်ပြီးတော့လည်း အရှိန်မြင့်တက်နေပါတယ်” ဟု သူမက ပြောသည်။

အစ္စလမ္မစ် စော်ဘွားနွယ် အာဖဂန်နစ္စတန်၏ တာလီဘန် အာဏာပိုင်တို့သည် အမျိုးသမီးများအပေါ် ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ခြင်းအတွက် ပြည်တွင်းနှင့် ပြည်ပမှာပါ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရသည်။

၂၀၂၁ ခုနှစ်သည် အာဖဂန်အမျိုးသမီးများအတွက် အဆိုးဆုံး နှစ် ဖြစ်ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်ပြီးနောက်ပိုင်း တာလီဘန်တို့သည် အမျိုးသမီးများ၏ ပညာသင်ခွင့်နှင့် အလုပ်လုပ်ခွင့်တို့အပေါ် လျှော့ချကန့်သတ်မှုများ လုပ်ခဲ့ပြီး ယင်းနောက်တွင် အခွင့်အရေးများကို အချိန်ကာလအကန့်အသတ်မရှိ လုယူပိတ်ပင်မှုများ လုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required