တရုတ်၏ ဧပြီလအတွင်း ရေနံတင်သွင်းမှု ဆော်ဒီမှ ၃၈ ရာခိုင်နှုန်းနှင့် ရုရှားမှ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့

တရုတ်၏ ဧပြီလအတွင်း ရေနံတင်သွင်းမှု ဆော်ဒီမှ ၃၈ ရာခိုင်နှုန်းနှင့် ရုရှားမှ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့

တရုတ်က ထိပ်တန်းရေနံတင်သွင်းသူ ဆော်ဒီအာရေဗျမှ ရေနံစိမ်းတင်သွင်းမှုသည် ၂၀၂၁ခုနှစ်ကထက် ဧပြီလ တွင် ၃၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၂၀၂၀ပြည့်နှစ် မေလနောက်ပိုင်း လအလိုက်တွင် အမြင့်ဆုံး ပမာဏသို့ ရောက်ရှိခဲ့ကြောင်း တရားဝင် တရုတ်အကောက်ခွန်အချက်အလက်များအပေါ် အခြေခံ၍ Reuters ၏ တွက်ချက်မှုများတွင် ဖော်ပြထားသည်။

ဧပြီလတွင် ဆော်ဒီမှ တင်ပို့မှု ပမာဏမှာ တန်ချိန် ၈ ဒသမ ၉၃ သန်းရှိခဲ့သဖြင့် တစ်ရက်လျှင် စည်ပေါင်း ၂ ဒသမ ၁၇ သန်း (bpd) နှင့် ညီမျှကြောင်း တရုတ်အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေး၏ အချက်အလက် များက ဖော်ပြနေသည်။

ဖေဖော်ဝါရီတွင် ရေနံအများအပြား ရောင်းဝယ်မှု ပြီးစီးခဲ့ပြီး ၂၀၂၁ခုနှစ်၊ မတ်လတွင် နေ့စဉ် ၁ ဒသမ ၅၇ သန်း bpd ရှိရာမှ ယခုနှစ်မတ်လတွင် ၁ ဒသမ ၆၁ သန်း bpd ရှိခဲ့သည်။

ဖေဖော်ဝါရီနှောင်းပိုင်းတွင် ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် အနောက်နိုင်ငံများက ရုရှားကို ပြင်းထန် သောပိတ်ဆို့ အရေးယူမှုများ မပြုလုပ်မီ ကုန်ပစ္စည်းများ ကြိုတင်မှာယူထားသဖြင့် ဧပြီလက ဒုတိယ ရေနံအများ ဆုံးတင်ပို့သည့် ရုရှားမှ တင်သွင်းမှုသည်လည်း ၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ဧပြီလတွင် ရုရှားမှ ဝင်ရောက်မှုသည် တန်ချိန် ၆ ဒသမ ၅၅ သန်း သို့မဟုတ် နေ့စဉ်စည်ပေါင်း ၁ ဒသမ ၅၉ သန်း bpd ရှိကြောင်း၊ မတ်လတွင် နေ့စဉ်စည်ပေါင်း bpd ၁ ဒသမ ၅ သန်းရှိရာမှ ၁ ဒသမ ၅၃ သန်း bpd ဖြစ်လာပြီး အနည်းငယ် တိုးလာကြောင်း ကိန်းဂဏန်းများက ဖော်ပြနေသည်။

ကျယ်ပြန့်သော ကိုဗစ်-၁၉ ပိတ်ဆို့အရေးယူမှုများကြောင့် လောင်စာဝယ်လိုအားကို ကျဆင်းခဲ့ပြီးနောက် ရေနံ ချက်လုပ်ငန်းပိုင်း ကျဆင်းခဲ့သော်လည်း တရုတ်၏ အလုံးစုံရေနံစိမ်းတင်သွင်းမှုသည် ဧပြီလတွင် နှစ်အလိုက် နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ၃လအတွင်း ပထမဆုံး မြင့်တက်လာခဲ့သည်။

မေလ ၂၀ရက် အချက်အလက်များအရ အီရန်မှ ဧပြီလအတွင်း တင်သွင်းမှု လုံးဝမရှိကြောင်း ဖော်ပြနေသည်။

အီရန်အပေါ် အမေရိကန်က ပိတ်ဆို့အရေးယူထားသော်လည်း တရုတ်က အီရန်၏ရေနံကို ဆက်လက် ရယူနေပြီး များသောအားဖြင့် အခြားနိုင်ငံများမှ တင်သွင်းမှုကို ဖြတ်တောက်ထားရာတွင် အီရန်မှ တင်သွင်းမှုပမာဏသည် တရုတ်စုစုပေါင်းရေနံစိမ်းတင်သွင်းမှု၏ ၇ ရာခိုင်နှုန်းနှင့် ညီမျှသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly