စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုစတင်

စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုစတင်

မေလ ၂၆ ရက်

စစ်ကောင်စီလက်အောက်ခံ အခြေခံပညာကျောင်းများတွင် ယနေ့ မေလ ၂၆ ရက် နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံမှု စတင်နေပြီဖြစ်သည်။

အခြေခံပညာကျောင်းသား၊ ကျောင်းသူများသည် COVID-19 ကပ်ရောဂါနှင့် နိုင်ငံရေး အခြေအနေများ ကြောင့် ပညာသင်နှစ် နှစ်နှစ်တိတိ ကျောင်းမတက်နိုင်ကြသည်များရှိနေပြီး ယခုနှစ်တွင် ကျောင်းတက် ရောက်ကြရန် ကျောင်းအပ်နှံနေကြခြင်း များရှိနေသည်။

“မိဘတစ်ယောက်အနေနဲ့ ကလေးတွေရဲ့ပညာရေးတော့ မဆုံးရှုံးစေချင်ဘူးပေါ့နော်။ တစ်ချို့ကျောင်း တွေမှာတော့ ကျောင်းအပ်လက်ခံနေပြီလို့သိရတယ်။ တစ်ချို့ဒေသတွေမှာတော့ မဖွင့်ရဲဘူးရှင့်။ မိဘ တစ်ယောက်အနေနဲ့တော့ ဖြစ်နိုင်ရင် ဆရာမ မိဘ သေချာဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ မျှော်လင့် တာတော့ မနှစ်ကတည်းက NUG ဘက်ကကျောင်းဖွင့်မယ်ကြားတော့ ကလေးတွေကို အစိုးရကျောင်း မသွားခိုင်းတာပါရှင့်။ NUG ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်မယ်လို့ မျှော်လင့်နေ ပါတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

စစ်ကောင်စီက အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်ရန်ကြိုးစားနေချိန် တစ်ဖက်တွင်လည်း အမျိုး သားညီညွတ်ရေးအစိုးရ NUG က ကျောင်းသားကျောင်းသူများအတွက် ကြားကာလပညာရေး အစီအစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည်။

“ကိုယ့်သားသမီးတွေအတွက် ဘာအာမခံချက်မှမပေးနိုင်တဲ့ စစ်ကောင်စီကဖွင့်တဲ့ကျောင်းမှာ ကလေး တွေကို ကျောင်းအပ်နှံစရာ အကြောင်းမရှိပါဘူး။ သူတို့ဖွင့်တဲ့ကျောင်းမှာ တက်နေတဲ့ကလေးတွေက လည်း စိတ်လုံခြုံမှု၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ သင်ကြားသင်ယူနိုင်မှုတွေ ရှိမယ်မထင်ပါဘူး။ စိတ်လုံခြုံမှု မရှိမှတော့ သင်တဲ့စာတွေလည်း အာရုံမစိုက်နိုင်ပါဘူး။ ပျော်ရွှင်စရာ‌ကောင်းတဲ့ သင်ကြားသင်ယူမှုထိ ရောက်အောင်မြင်တဲ့စာသင်ခန်းလည်း ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး” ဟု ပညာရေးတက္ကသိုလ် တက်နေသည့် CDM ဆရာမတစ်ဦးက ဆိုသည်။

စစ်ကောင်စီကဖွင့်သည့်ကျောင်းများတွင် ကျောင်းတက်မည့်အစား မိမိအိမ်တွင် စာသင်ပေးခြင်း၊ အပြင် တွင် ကျူရှင်တက်ခိုင်းခြင်း၊ အွန်လိုင်းမှသင်ကြားခြင်းက ပိုမိုထိရောက် အကျိုးရှိမည်ဟု ၎င်းက ဆက်ပြော သည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင်လည်း စစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းများ ပြန်ဖွင့်ရန် ပြင် ဆင်နေပြီး ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အဆိုပါကျောင်းများတွင် ကျောင်းမအပ်ဘဲ မင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များမှ ဖွင့်လှစ်ထားသည့် ကျေးလက်ဒေသ ပြည်သူ့စာသင်ကျောင်းတွင်သာ ကျောင်းအပ်နှံကြရန် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ မေလ ၂၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ပညာရေးဌာနက ကျောင်းအပ်နှံရေးသီတင်းပတ်ကို ယနေ့ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ဇွန် ၂ ရက်နေ့တွင် ကျောင်းဖွင့်မည် ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly