ရှီကျင့်ဖျင် ဖြိုခွင်းမှုက စီးပွားရေးလုပ်ငန်းကြီးများကို အခက်တွေ့စေ

ရှီကျင့်ဖျင် ဖြိုခွင်းမှုက စီးပွားရေးလုပ်ငန်းကြီးများကို အခက်တွေ့စေ

တရုတ်သမ္မတရှီကျင့်ဖျင်သည် သမိုင်းဝင်တတိယသမ္မတသက်တမ်းအတွက် ကြိုးပမ်းနေချိန်တွင် စီးပွားရေးလုပ်ငန်းကြီးများကို ကျဆင်းစေကာ ၎င်းတို့လုပ်ပိုင်ခွင့်များကို လျော့ကျစေမည့် တင်းကျပ်သော အရင်းအနှီးဆိုင်ရာစည်းမျဉ်းများကို အလေးထားဖော်ဆောင်သွားမည်ဟု မျှော်လင့်ရသည်။

သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်မူဝါဒများနှင့် ယူကရိန်းအား ရုရှားကျူးကျော်မှုအပေါ် ၎င်း၏ရပ်တည်ချက်တို့ကြောင့် ရင်းနှီးမြှုပ်နှံသူများက တရုတ်စီးပွားရေးကို အဆိုးမြင်မှု ကြီးထွားလာပြီး နိုင်ငံစုံကုမ္ပဏီများ၏ တိုက်ရိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်းလာချိန်တွင် ယင်းကဲ့သို့လုပ်ဆောင်လာခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ လက်ဝါးကြီးအုပ်မှု၊ အမြတ်ထုတ်မှု၊ မြင့်မားတဲ့ စျေးနှုန်းတွေ၊ မလိုလားအပ်တဲ့ ဝါဒဖြန့်မှုတွေနဲ့ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုတွေကို တိုက်ဖျက်ရပါမယ်။ အရင်းအနှီးကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် ကြီးကြပ်ကွပ်ကဲဖို့ လိုပါတယ်။ အရင်းအနှီးတွေကို ပရမ်းပတာ တိုးချဲ့တာကို တားဆီးတာဟာ ပျောက်ကွယ် သွားအောင်လုပ်တာမဟုတ်ဘဲ အရင်းအနှီး စည်းစနစ်တကျ ဖွံ့ဖြိုးတိုးတက်စေဖို့ဖြစ်ပါတယ်။

“ပြီးပြည့်စုံမှုမရှိတဲ့ ဥပဒေတွေနဲ့ နည်းဥပဒေတွေကို တတ်နိုင်သမျှအမြန်ဆုံး မြှင့်တင်ပေးပြီး တည်ဆဲဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ပါတယ်” ဟု ရှီက ပြီးခဲ့သည့် ဒီဇင်ဘာလက ဗဟိုစီးပွားရေးလုပ်ငန်းညီလာခံ၌ ပြောကြားခဲ့သော မိန့်ခွန်းကို ကနေဒါအခြေစိုက် Financial Post သတင်းဌာနက ဖော်ပြခဲ့သည်။

ရှီသည် လက်ရှိ တရုတ်နိုင်ငံရင်ဆိုင်နေရသော စီးပွားရေးဆိုင်ရာဘေးအန္တရာယ်များဘက်သို့ ပြန်လည် ဦးလှည့်ခဲ့ပြီး ယင်းစီးပွားရေးအခြေအနေများက တရုတ်ကွန်မြူနစ်ပါတီ ဝါဒဖြန့်ခဲ့သည် ဆိုရှယ်လစ်စနစ်ကို အထိနာစေနိုင်သည်ဟု ရှီကပြောသည်။

စီးပွားရေးကျဆင်းနေမှုအတွက် ငွေလုံးငွေရင်းဖြင့် ရင်းနှီးမြှုပ်နှံနေသူများကိုလည်း သမ္မတရှီက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly