တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ပါက အမေရိကန်က စစ်ရေးအရပါဝင်ရန် အသင့်ရှိကြောင်း ဘိုင်ဒန်က ပြောကြား

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ပါက အမေရိကန်က စစ်ရေးအရပါဝင်ရန် အသင့်ရှိကြောင်း ဘိုင်ဒန်က ပြောကြား

ထိုင်ဝမ်ကို ကျူးကျော်ပါက စစ်ရေးအရပါဝင် ကာကွယ်ရန် အသင့်ရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေ ၂၃ရက်က ပြောကြားလိုက်သည်။

နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန် ဂျပန်ဝန်ကြီး ချုပ် ကူရှီဒါနှင့် အမေရိကန်သမ္မတက မေ ၂၃ရက်က တွေ့ဆုံခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဘိုင်ဒင်က ထိုင်ဝမ်ရေလက်ကြားလုံခြုံရေးကို အာမခံရန်နှင့် လက်ရှိအနေအထားကို တစ်ဖက်သတ်ပြောင်းလဲခြင်းမှ ကာကွယ်ရန် ဝါရှင်တန်၏ ကတိကဝတ်ကို ထပ်မံ အတည်ပြုခဲ့သည်။

ထိုင်ဝမ်ကို ကာကွယ်ရန် အမေရိကန်က စစ်ရေးအရ ပါဝင်ရန် အဆင်သင့်ရှိလားဟု မေးမြန်းသည့်အခါ ယင်းသည် အမေရိကန်က ပြုထားသည့် ကတိကဝတ်ဖြစ်ကြောင်း ၎င်းက ဖြေကြားခဲ့သည်။

'ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပံ့ပိုးကူညီဖို့ ကျွန်တော်တို့ ကတိကဝတ်ပြု ထားပါ တယ်။ တရုတ်က ထိုင်ဝမ်ကို မသိမ်းပိုက်အောင် အမေရိကန်က ဂျပန်အပါအဝင် တခြား နိုင်ငံတွေနဲ့ အမေရိကန်က အခိုင်အမာ ရပ်တည်နေပါတယ်' ဟု ၎င်းက ပြောကြားခဲ့သည်။

“အဲဒီနောက်မှာတော့ အမေရိကန်နဲ့ ဂျပန်တို့က အခြား ၁၁ နိုင်ငံနဲ့ အတူ အင်ဒို-ပစိဖိတ် စီးပွားရေး မူဘောင်ကို စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းကို အာမခံဖို့ အရေးအကြီးဆုံး စိန်ခေါ်မှုတွေနဲ့ ဒေသတွင်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ မိတ်ဖက်တွေနဲ့ လက်တွဲ လုပ်ဆောင်ဖို့ ဒီမူဘောင်က ကတိကဝတ်ပါပဲ” ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များ အပါအဝင် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်သည့် တရုတ်၏ အနိုင်ကျင့်လိုသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှု များကို ကိုင်တွယ်ဖြေရှင်းရန် ခေါင်းဆောင် ၂ ဦး ကတိကဝတ်ပြုခဲ့ကြသည်။

ထွန်းသစ်စနည်းပညာများ၊ ထောက်ပံ့ရေးကွင်းဆက်လုံခြုံရေးနှင့် သန့်ရှင်းသောစွမ်းအင်စသည့် နယ်ပယ် များတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ၎င်းတို့က သဘောတူညီခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly