ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ ဖမ်းဆီးခံ ဂျာနယ်လစ် ပြန်လည်လွတ်မြောက်ရေး လုပ်ဖော်ကိုင်ဖက်များ တောင်းဆို

By Zee5
25 May 2022
ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ ဖမ်းဆီးခံ ဂျာနယ်လစ် ပြန်လည်လွတ်မြောက်ရေး လုပ်ဖော်ကိုင်ဖက်များ တောင်းဆို

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်တွင် Bera စာနယ်ဇင်းအသင်းတိုက်၏ ဥက္ကဋ္ဌဟောင်း ဖြစ်သလို ဂျာနယ်လစ်တစ်ဦးလည်း ဖြစ်သည့် ခါဒင်း ခန်း အက်ဖရီဒီ ဖမ်းဆီးခံရပြီးနောက် ထိုဒေသမှ လုပ်ဖော်ကိုင်ဖက် ဂျာနယ်လစ်များသည် ခါဒင်း ပြန်လည်လွတ်မြောက်ရေး အာဏာပိုင်များထံ တောင်းဆိုပြီး မေ ၂၀ ရက်က ဆန္ဒထုတ်ဖော်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။

ဆန္ဒပြမှုများကို ပါကစ္စတန်၏ Landi Kotal စာနယ်ဇင်းအသင်းတိုက်မှ အသင်းဝင်များ၊ နိုင်ငံရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ဆန္ဒပြသူများသည် လက်ကိုင်ပိုစတာများ၊ စာတန်းများကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြရင်း ခါဒင်း ဖမ်းဆီးခံရမှုဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရေး တောင်းဆိုခဲ့ကြသည်။ ယင်းကဲ့သို့ ဖမ်းဆီးခြင်းသည် ဥပဒေနှင့် မညီသလို မရိုးသားမှုဟုလည်း ၎င်းတို့က ယူဆနေကြသည်။

ခါဒင်းကို ဖမ်းဆီးခြင်းက သတင်းမီဒီယာ လွတ်လပ်ခွင့်အပေါ် နိုင်ထက်စီးနင်း ပိတ်ပင်ကန့်သတ်ခြင်း ဖြစ်ကြောင်း ဒေါသထွက်နေကြသည့် ဆန္ဒပြလူအုပ်စုက ပြောသည်။ ထို့ပြင် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဌာန (CTD) အနေဖြင့် ၎င်းတို့၏ ဥပဒေမဲ့လုပ်ရပ်အတွက် ပြန်တောင်းပန်ရမည်ဟု ဆန္ဒပြသူများက တောင်းဆိုကြသည်။

အစောပိုင်းက CTD စုံထောက်များသည် စာနယ်ဇင်းကလပ်တစ်ခုမှ နေအိမ်သို့ ပြန်လာသော ခါဒင်းကို နေအိမ်ပြန်မရောက်မီ လမ်းတွင် လူသတ်မှု စွဲချက်များအကြောင်းပြပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly