တရုတ်ကြွေးမြီထောင်ချောက် သံတမန်ခင်းကို ကျွမ်းကျင်သူများ သတိပေး

တရုတ်ကြွေးမြီထောင်ချောက် သံတမန်ခင်းကို ကျွမ်းကျင်သူများ သတိပေး

သီရိလင်္ကာစီးပွားရေးသည် တရုတ်ချေးငွေကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ရကြောင်း ကျွမ်းကျင်သူများက ဆိုပြီး ဒေသတွင်းရှိ အခြားနိုင်ငံများကလည်း သီရိလင်္ကာမှ သင်ခန်းစာယူရန် အစိုးရများကို တောင်းဆိုရန် လိုအပ်နေသည်။

စိုက်ပျိုးစီပွားနှင့် နည်းပညာဆိုင်ရာ နိုင်ငံတကာတက္ကသိုလ် (IUBAT) မှ စီးပွားရေးဌာန ပါမောက္ခ ဒေါက်တာ ရပ်ဆယ်က နိုင်ငံရပ်ခြားမှ ချေးငွေအပေါ် မှီခိုမှုလွန်ကဲခြင်းက နိုင်ငံများကို အားနည်းစေသည်ကို သတိပြုရန် တောင်အာရှလေ့လာမှုဆိုင်ရာ ဥရောပဖောင်ဒေးရှင်း(EFSAS) က အစီရင်ခံခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာမှ လေးနက်သော သင်ခန်းစာများ ထုတ်ယူရန် မာရက် မိုဇမ်ဒါက The Daily Observer တွင် ပါရှိသည့် ဆောင်းပါးတွင် အလေးအနက်ထား အကြံပြုထားသည်။

သီရိလင်္ကာ၏ တစ်ခါတစ်ရံတွင် အိန္ဒိယထက် တရုတ်ကို ပိုမှီခိုမှုက ပြဿနာရှိနေသည်ဟု ၎င်းက အကြံပြု တင်ပြခဲ့ပြီး “တရုတ်ကြွေးမြီထောင်ချောက် သံတမန်ခင်းကြောင့် တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများကို ချေးငွေ အသေးစားများ ပံ့ပိုးပေးခြင်းဖြင့် အမြတ်အစွန်းကြီးမားသော ပထဝီဝင်နိုင်ငံရေးအရ ခိုင်မာသောအနေအထားကို တည်ဆောက်နေကြောင်း သတိပြုရန် အရေးကြီးသည်' ဟု ထပ်လောင်း ဆိုခဲ့သည်။

တရုတ်ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းကို မြှင့်တင်ပေးသည့် တရုတ်၏ ကြီးမားသော ရင်းနှီးမြှုပ် နှံမှုများကို သီရိလင်္ကာခေါင်းဆောင်များက အားပေးခဲ့ကြသည်။

ကိုလံဘိုမြို့အခြေစိုက်တရုတ်သံအမတ်ကြီး ချီကျန်ဟုန်က သီရိလင်္ကာကို ကယ်တင်ရန် ဝါရှင်တန်အခြေစိုက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကို အကူအညီ တောင်းမည့် သီရိလင်္ကာ၏ ဆုံးဖြတ်ချက်ကို မီဒီယာ များမှတစ်ဆင့် ဝေဖန်ခဲ့သည်။

သီရိလင်္ကာ၏ လက်ရှိ စီးပွားရေး အကျပ်အတည်းဖြစ်စေရန် တရုတ်က ဖြစ်စေခဲ့သည်မှာ ထင်ရှား သည်။ စီးပွားရေးကပ်ဘေးကြောင့် တောင်အာရှတစ်ဝန်းရှိ ကျွမ်းကျင်သူများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required