ရုရှားနှင့် အကန့်အသတ်မရှိသတ်မှတ်ထားသည့် ချစ်ကြည်ရေးကို ပြန်လည်သုံးသပ်ရန် တရုတ် တွန်းအားပေးခံနေရ

ရုရှားနှင့် အကန့်အသတ်မရှိသတ်မှတ်ထားသည့် ချစ်ကြည်ရေးကို ပြန်လည်သုံးသပ်ရန် တရုတ် တွန်းအားပေးခံနေရ

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖော်ပြခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ တစ်ချိန်က ခိုင်မာသော ထောက်ခံ မှုက မည်သို့ပင်ရှိစေကာမူ တရုတ်က ရုရှားနှင့် အကန့်အသတ်မဲ့ ချစ်ကြည်ရင်းနှီးမှုဟု ခေါ်ဆိုခဲ့သည်များကို ပြန်လည်သုံးသပ်ရန် ဖိအားပေးခံနေရသည်။

အမေရိကန်ဦးဆောင်သော ပိတ်ဆို့အရေးယူမှုများမှ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများကို ကာကွယ်ရန် တရုတ်က ယူကရိန်းစစ်ပွဲကာလအတွင်း ယင်း၏ ငွေပေးချေမှုဝန်ဆောင်မှုများ၊ အာကာသဆက်ဆံရေးနှင့် သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားခြင်းဖြင့် ရုရှား၏ ယုံကြည်မှုကို ချိုးဖောက်ရန် ရွေးချယ်ခဲ့သည်။

ပြည်တွင်း၊ နိုင်ငံခြားဘဏ်များနှင့် အရေးပေါ်အစည်းအဝေးတွင် ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှား အပေါ် ချမှတ်ထားသည့် အလားတူ အမေရိကန်ဦးဆောင်သော ပိတ်ဆို့အရေးယူမှုများမှ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများကို ကာကွယ်ရေးအတွက် ဆွေးနွေးရန် 
တရုတ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက အဆိုပြုခဲ့သည်ဟု Hong Kong Post သတင်းတွင် ဖော်ပြသည်။

ယူကရိန်းစစ်ပွဲအတွင်း ရုရှားအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် Visa နှင့် Mastercard တို့က ရုရှားတွင် ယင်းတို့၏ ဝန်ဆောင်မှုများကို ရပ်ဆိုင်းမည်ဟု ဆိုခဲ့သည်။

ထို့ကြောင့် ရုရှားထိပ်တန်းဘဏ်များသည် တရုတ်ငွေပေးချေမှုစနစ်တွင် အလုပ်လုပ်သည့် ကတ်များ ထုတ်ပေးရန် စတင်ကြိုးပမ်းနေသည်။

တရုတ်က ယုံကြည်မှုကို ချိုးဖျက်ကာ ရုရှားဘဏ်များနှင့် UnionPay ၏ ပူးပေါင်း ဆောင်ရွက်မှုကို ၂ လမပြည့်မီတွင် အဆုံးသတ်ခဲ့သည်။

ရှီကျင့်ဖျင်က တရုတ်-ရုရှား ဆက်ဆံရေး ဆုံးရှုံးမည်ဆိုလျင်တောင်မှ စီးပွားရေး ခြိမ်းခြောက်မှုကို ရှောင်ရှားရန် အစွမ်းကုန်ကြိုးစားမည်ဖြစ်သည်။

တရုတ် UnionPay သည် ရုရှား၏ အကြီးဆုံး ငွေချေးသူ Sberbank နှင့် ပူးပေါင်းရန် ငြင်းဆိုထားပြီး ဆင့်ပွား ဒဏ်ခတ်ပိတ်ဆို့မှုများကို စိုးရိမ်သောကြောင့် အခြားဘဏ်များနှင့် ဆွေးနွေးမှုများကို ဆိုင်းငံ့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly