လွတ်လပ်စွာ အလုပ်လုပ်ခွင့်ရရေး အာဖဂန်အစိုးရဝန်ထမ်း အမျိုးသမီးများ တောင်းဆို

By The Frontier Post
24 May 2022
လွတ်လပ်စွာ အလုပ်လုပ်ခွင့်ရရေး အာဖဂန်အစိုးရဝန်ထမ်း အမျိုးသမီးများ တောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံရှိ အစိုးရဝန်ထမ်း အမျိုးသမီးများက အစိုးရဌာနများရှိ ၎င်းတို့၏ အလုပ်နေရာများ၌ လွတ်လပ်စွာ ဆက်လက် အလုပ်လုပ်ခွင့်ရရေး တာလီဘန်အာဏာပိုင်တို့ကို တောင်းဆိုလိုက်သည်။

၎င်းတို့သည် လက်ရှိအချိန်တွင် မသေချာ မရေရာသော ကံကြမ္မာတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း အာဖဂန်အစိုးရဝန်ထမ်း အမျိုးသမီးများက ပြောသည်။

အာဖဂန်အမျိုးသမီးတစ်ဦး ဖြစ်သည့် ရက်ခ်ဆာ နာဇာရီသည် ဥပဒေနှင့် နိုင်ငံရေး တက္ကသိုလ်မဟာဌာနမှ ဘွဲ့ရခဲ့သူဖြစ်ပြီး အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၌ ၁၀ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။

နိုင်ငံတွင် ယခင်အစိုးရ ပြုတ်ကျပြီးနောက် အခြားသော အစိုးရဝန်ထမ်း အမျိုးသမီးအများအပြား နည်းတူ သူမသည်လည်း အလုပ်လက်မဲ့ဖြစ်သွားကြောင်း ရက်ခ်ဆာက ပြောသည်။

“ကျွန်မတို့ဟာ ရှုပ်ထွေးပြီး ဘာမှန်းမသိတော့တဲ့ အနာဂတ်တစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်မတို့မှာ ဘာအစီအစဉ်မှ မရှိသလို ဘာဆက်လုပ်သင့်သလဲ ဆိုတာကိုလည်း မသိတော့ပါဘူး။ ကျွန်မနဲ့ အဆက်အသွယ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာလည်း ကျွန်မလိုပဲ မသေချာ မရေရာတဲ့ အနာဂတ်တစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်” ဟု အစိုးရဝန်ထမ်းတစ်ဦးဖြစ်သည့် ရက်ခ်ဆာက ပြောသည်။

လက်ရှိတွင် အမျိုးသမီးဝန်ထမ်းများကို ထုတ်ပယ်ထားခြင်း မရှိသော်လည်း ၎င်းတို့ကို အိမ်မှာသာ နေရန် ပြောထားသလို လစာများကိုလည်း ပေးမည်ဟု ပြောထားကြောင်း တာလီဘန်အာဏာပိုင်တို့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required