ပါကစ္စတန် ဘာလိုချီစတန်၌ ကာလဝမ်းရောဂါဖြစ်ပွားမှုအား အာဏာပိုင်တို့ မထိန်းချုပ်ခြင်းအပေါ် ဆန္ဒပြ

ပါကစ္စတန် ဘာလိုချီစတန်၌ ကာလဝမ်းရောဂါဖြစ်ပွားမှုအား အာဏာပိုင်တို့ မထိန်းချုပ်ခြင်းအပေါ် ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်၌ ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားမှုဖြစ်စဉ်များ စိုးရိမ်ဖွယ်ရာ မြင့်တက် လာမှုကို ထိန်းချုပ်ကိုင်တွယ်ရန် အာဏာပိုင်များဘက်က ပျက်ကွက်နေခြင်းနှင့်ပတ်သက်ပြီး ပြည်သူများက မေ ၁၄ ရက်တွင် ယင်းပြည်နယ်၏ ဒီရာ ဘက်ဂ်တီခရိုင် ပီအာကို့ ဧရိယာတွင် ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ယင်းဆန္ဒပြပွဲတွင် ဆန္ဒပြသူများက အာဏာပိုင်များ၏ ပျက်ကွက်မှုနှင့်ပတ်သက်ပြီး ၎င်းတို့၏ အမျက်ဒေါသများကို ထုတ်ဖော်ခဲ့ကြသလို သန့်ရှင်းသော ရေ ရရှိနိုင်ရေးကိုလည်း တောင်းဆိုခဲ့ကြသည်။

ဘာလိုချီစတန်ပြည်နယ် ဒီရာ ဘက်ဂ်တီ ခရိုင် ပီအာကို့ ဧရိယာတွင် ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် မေ ၁၃ ရက်က ကလေးတစ်ဦး အပါအဝင် လူ ၄ဦး သေဆုံးပြီးနောက် ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

သန့်ရှင်းသော သောက်သုံးရေ မရရှိနိုင်ခြင်း အပါအဝင် ပါကစ္စတန်သည် စိုးရိမ်ဖွယ်ရာ ရေအကျပ်အတည်း တစ်ခုနှင့် ရင်ဆိုင်နေရသည်။

မေ ၁၄ ရက်တွင် ကာလဝမ်းရောဂါ ဖြစ်ပွားသူသစ် စုစုပေါင်း ၂၁၀ ဦးနှင့် သေဆုံးသူ ၂ဦး ထပ်ရှိလာခဲ့ကြောင်းနှင့် လက်ရှိတွင် သေဆုံးသူဦးရေစုစုပေါင်းသည် ကလေး၂ဦး အပါအဝင် ၆ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ဘက်ဂ်တီ ခရိုင် ကျန်းမာရေး အရာရှိ (DHO) အဇမ် ဘက်ဂ်တီက ပြောသည်။

ထို့ပြင် လူနာ ၁၅ ဦးသည် အခြေအနေစိုးရိမ်ရကြောင်း အဇမ် ဘက်ဂ်တီက ပြောကြောင်း Dawn သတင်းမီဒီယာက ဖော်ပြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly