တရုတ်နှင့်ပြုလုပ်သည့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေ

တရုတ်နှင့်ပြုလုပ်သည့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေ

တရုတ်က နိုင်ငံများစွာတွင် ယင်း၏ မဟာဗျူဟာအကျိုးစီးပွားများ လုံခြုံစေရန် စီးပွားရေး အကူအညီ ရင်းနှီးမြှုပ်နှံမှု ကတိများကို အသုံးပြုနေသဖြင့် အမေရိကန်-တရုတ် ကော်မရှင် (USCC) က တရုတ်ကို ဝေဖန်ခဲ့ပြီး တရုတ်နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်းသည် စီးပွားရေး ပြဿနာသာမက အမျိုးသားလုံခြုံရေးဆိုင်ရာ ပြဿနာများပါဖြစ်ပေါ်လာကြောင်း မှတ်ချက်ပြုခဲ့သည်။

"တရုတ်က နိုင်ငံများစွာတွင် ယင်း၏ မဟာဗျူဟာအကျိုးစီးပွားများ လုံခြုံစေရန် စီးပွားရေး အကူအညီ၊ ဖွံ့ဖြိုး တိုးတက်ရေးအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိကို အသုံးပြုခဲ့သည်။ တရုတ်၏ စီးပွားရေး သံခင်းတမန် ခင်း သည် အန္တရာယ် ကြီးလှသည်” ဟု တောင်အာရှတွင် တရုတ်၏ လှုပ်ရှားမှုများနှင့် သြဇာလွှမ်းမိုးမှုဆိုင်ရာ မေ ၁၂ရက် ကြားနာမှုတွင် ကော်မရှင်နာ ကာရွင်း ဘာသိုလိုမော်က ပြောကြား ခဲ့သည်။

တရုတ်သည် စီးပွားရေး အကျိုးစီးပွားများအပါအဝင် တောင်နှင့် ဗဟိုအာရှ ဒေသများတွင် မတူကွဲပြားသော အကျိုးစီးပွားများ ရှိကြောင်း၊ သဘာဝ အရင်းအမြစ်များ လက်လှမ်းမီမှု၊ ပို့ကုန် ဈေးကွက်သစ်များ ဖော်ဆောင် ရေး၊ ပထဝီနိုင်ငံရေး အကျိုးစီးပွားများ၊ အခြားသောနိုင်ငံများနှင့် လိုက်လျော ညီထွေဖြစ်အောင် ကြိုးပမ်းခြင်းဖြင့် ယင်း၏ မျှော်မှန်းချက်မှာ တရုတ်ကို ဗဟိုပြုသော နိုင်ငံတကာ အစီအစဉ် ဖော်ဆောင်ရေး ဖြစ်ကြောင်း သက်သေများက ဖော်ပြနေသည်ဟု ဘာသိုလိုမော်က ပြောကြားခဲ့သည်။

"ကမ္ဘာ့အခြားနေရာများတွင် ကျွန်ုပ်တို့ တွေ့မြင်နေရသည့်အတိုင်း တောင်နှင့် ဗဟိုအာရှနိုင်ငံများအားတရုတ် ရင်းနှီးမြှုပ်နှံမှုများနှင့် ချေးငွေထုတ်ချေးခြင်းသည် ခရိုနီအရင်းရှင်စနစ်နှင့် အကျင့်ပျက်ခြစားမှု၊ ရေရှည် မတည် တံ့နိုင်သော အကြွေးတင်မှု၊ တရုတ်ကုန်သွယ်မှုအပေါ် မှီခိုမှုနှင့် ညစ်ညမ်းစေသော ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအပေါ် မှီခိုအားထားမှုတို့ကို ဖြစ်ပေါ်စေသည်။

ပိုးလမ်းမသစ်စီမံကိန်းများသည် တရုတ်ကုမ္ပဏီများကို ပြည်တွင်းလုပ်ငန်းများထက် ပိုမို အကျိုးဖြစ်ထွန်းစေ လေ့ရှိသည်။

ထို့ပြင် ဒေသတွင်းရှိ အထက်တန်းစားများ၏ အကျိုးစီးပွားကိုသာလုပ်ဆောင်လေ့ရှိသဖြင့် ဒေသတွင်း၌ တရုတ် ၏ တည်ရှိမှုသည် အစိုးရများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ထိထိရောက်ရောက် ထိတွေ့ဆက်ဆံနိုင်မှု စွမ်းရည်ကို ထိခိုက်စေနိုင်သည်” ဟု သူမက မှတ်ချက်ပြုသည်။

နိုင်ငံတချို့သည် တရုတ်နှင့် ပိုမိုနီးကပ်သော စီးပွားရေးဆက်ဆံရေးအတွက် ပြန်လည်စဉ်းစားနေကြောင်း ကော်မရှင်နာက ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားက "အကန့်အသတ်မရှိ ချစ်ကြည်ရင်းနှီးမှု" ကို လူသိရှင်ကြား ကြေညာထားသော်လည်း အာရှအလယ်ပိုင်းတွင် တရုတ်၏ သြဇာကြီးထွားလာမှုသည် ရုရှားအတွက် စိန်ခေါ်မှုများ ရှိလာနိုင်ကြောင်း ဘာသိုလိုမော်က ထောက်ပြ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required