“Please Sanction MOGE” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၃၉ ရက်မြောက်ချီတက်

23 May 2022
“Please Sanction MOGE” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၃၉ ရက်မြောက်ချီတက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၃၉ ရက်မြောက် အဖြစ် ယနေ့ မေလ၂၃ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

သပိတ်စစ်ကြောင်းသည် “Please Sanction MOGE” စာတန်း အားကိုင်ဆွဲပြီး စစ်အာဏာရှင် အလိုမရှိ ကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ရွာပေါင်းစုံသပိတ်စစ်ကြောင်း

#၄၃၉ရက်မြောက်

#VideoNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly