ကနီမြို့နယ် လင်ပုန်းရည်ကျေးရွာသို့ စစ်ကောင်စီတပ်သားများဝင်ရောက်ကာ ရွှေ၊ ငွေများ ခိုးယူသွား

By လွှမ်းမိုး
23 May 2022
ကနီမြို့နယ် လင်ပုန်းရည်ကျေးရွာသို့ စစ်ကောင်စီတပ်သားများဝင်ရောက်ကာ ရွှေ၊ ငွေများ ခိုးယူသွား

မေ ၂၃

စစ်ကိုင်းတိုင်း ကနီမြို့နယ် လင်ပုန်းရည်ကျေးရွာသို့ စစ်ကောင်စီတပ်သား ၁ဝဝ ဝန်းကျင်ခန့်က မေလ ၂၂ ရက် နံနက် ၁ဝ နာရီခန့်တွင် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များကိုဝင်ရောက်မွှေနှောက်ပြီး ကျေးရွာရန်ပုံငွေနှင့် ရွှေ၊ ငွေများကို ခိုးယူသွားကြောင်း ဒေသခံများကပြောကြားသည်။

“ ကျွန်မတို့က တောင်သူတွေဆိုတော့ မိုးလေရှိတုန်း တောထဲမှာ ပဲလေးဘာလေးစိုက်နေကြတာပေါ့၊ ဖုန်း လိုင်းတွေကလည်းဆက်မရတော့ ရွာထဲကို စစ်သားတွေရောက်လာတာ တစ်ယောက်စကား တစ်ယောက် ကြားပြီးမှ သိလိုက်ရတယ်။ အိမ်ကိုလည်း ရစရာမရှိအောင် မွှေနှောက်သွားတယ်။ တစ်ကျပ်သား ဆွဲကြိုး လေး တစ်ကုံး၊ သမီးနားကပ်လေးတွေ ၊ မိဘအမွေရထားတဲ့ လက်စွပ်လေးတွေနဲ့ ငွေသား ၂၅ သိန်းကို စခ (စစ်ကောင်စီတပ်သား)တွေ ခိုးသွားတယ်။ ကျွန်မတစ်ဦးတည်း မဟုတ်ပါဘူး ရွာကဒေသခံတွေလည်း သတင်းမရတော့ သိမ်းချိန် မရလိုက်လို့ တော်တော်လေး ပါသွားကြတယ်။ ကျေးရွာလူငယ့်ရန်ပုံငွေကအစ ပါသွားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ကနီမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းစတင်ထိုးသည့်အချိန်မှစ၍ မြို့နယ်အတွင်းရှိ နေရာအနှံ အပြားတွင် ဖုန်းလိုင်းများပိတ်ထားကြောင်း ၎င်းဒေသခံများ၏ပြောကြားချက်အရ သိရသည်။

#Mizzima

#ကနီမြို့နယ်

#လင်ပုန်းရည်ကျေးရွာ

#ခိုးယူသွား

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly