တရုတ်က Lhasa ဖျက်သင်္ဘော၏ စွမ်းရည်ကို ပြသ

တရုတ်က Lhasa ဖျက်သင်္ဘော၏ စွမ်းရည်ကို ပြသ

တရုတ်ရေတပ်၏ ဒုတိယမြောက် Type 055 အမျိုးအစား ကိုယ်ပျောက်ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော ‘Lhasa’ သည် ရေယာဉ်၏ လေကြောင်းရန်ကာကွယ်ရေး၊ ရေကြောင်းတိုက်ခိုက်မှုနှင့် ရေငုပ်သင်္ဘောဖျက်စွမ်းရည်တို့ကို စမ်းသပ်ရန် မေ ၁၅ ရက်က ပင်လယ်ဝါတွင် ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း Global Times က ဖော်ပြခဲ့သည်။

တရုတ်ရေတပ်၏ ဒုတိယမြောက် Type 055 ဖျက်သင်္ဘောကြီး လာဆာသည် သဏ္ဍာန်လုပ်တိုက်ပွဲများတွင် ရေယာဉ်၏ လေကြောင်းရန်ကာကွယ်ရေးကို စမ်းသပ်ခဲ့ပြီး တရုတ်နှင့် ထိုင်ဝမ်အကြား နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာပြီးနောက်ပိုင်းတွင် ပြုလုပ်လာခြင်းဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

ထိုင်ဝမ်အရှေ့ဘက်ကမ်းရိုးတန်းအနီး မကြာသေးမီက တရုတ်ရေတပ်၏ စစ်ရေးလှုပ်ရှားမှုသည် သိသာထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း သတင်းအများအပြားက ဖော်ပြကြသည်။ 

တရုတ်လေတပ် သည် ဇန်နဝါရီ ၂၃ ရက်က လေယာဉ် ၃၉ စီးဖြင့် ပျံသန်းပြခဲ့ပြီး ၂၀၂၂ ခုနှစ်၌ တစ်ရက်တည်းတွင် ကျူးကျော် ဝင်ရောက်မှု အရေအတွက်အများဆုံးနေ့ဖြစ်သည်။

ဖျက်သင်္ဘောသည် ပထမကျွန်းကွင်းဆက်ကို ကျော်လွန်၍ ပင်လယ်ရပ်ဝေးစစ်ဆင်ရေးအတွက် ယခုအခါ အဆင်သင့်ဖြစ်နေပြီဟု ကျွမ်းကျင်သူများက မေလ ၁၅ ရက်က ပြောကြားခဲ့ပြီး လာဆာသည် Type 055 အတန်းအစား ပထမဆုံးသော သင်္ဘောဖြစ်သည့် နန်ချန်း ၏ခြေရာကိုလိုက်ကာ ဝေးလံသော ပင်လယ်ရေကြောင်းခရီးကို စတင်လျက် ယခုနှစ်တွင် လေယာဉ်တင်သင်္ဘောအုပ်စုများနှင့် ပူးပေါင်းမည်ဟု လေ့လာ သူများက ခန့်မှန်းကြသည်။

စမ်းသပ်မှုများသည် ရေငုပ်သင်္ဘောများအတွက် စိန်ခေါ်မှုပိုများလာပြီး အစောပိုင်းသတိပေးလေယာဉ်နှင့် ရဟတ်ယာဉ်များ ပါဝင်လာသောကြောင့် တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ရှိ ပြိုင်ဘက်ငယ်များကို တိုက်ခိုက်ရန် အရှိန်မြှင့်နေနိုင်ကြောင်း Global Times က ဖော်ပြသည်။

ပြီးပြည့်စုံသော သင်တန်းအကဲဖြတ်မှုပြီးမြောက်သွားသဖြင့် လာဆာသည် တိုက်ခိုက်ရေးစွမ်းရည်အားဖြင့် ၁၀၀ ရာခိုင်နှုန်းအပြည့်ရှိကြောင်းနှင့် တပ်သားများသည်လည်း သင်္ဘော၏ ခေတ်မီလက်နက်များနှင့်ကိရိယာများနှင့် ကောင်းစွာ ပေါင်းစပ်ထားကြောင်း ပေကျင်းအခြေစိုက် စစ်ရေးကျွမ်းကျင်သူ ဝေဒေါင်ရှုက Global Times သို့ ပြောကြားသည်။

မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ သင်္ဘောဖျက်ဒုံးများ၊ မြေပြင်တိုက်ခိုက်ရေးဒုံးများနှင့် ရေငုပ်သင်္ဘောဖျက်ဒုံးပျံများ ပေါင်းစပ်ပစ်လွှတ်နိုင်သော ဒေါင်လိုက်ပစ်လွှတ်သည့်ဒုံးဆဲလ်ပေါင်း ၁၁၂ ခုရှိသည့် Type 055 ဖျက်သင်္ဘာသည် ပိုမိုအစွမ်းထက်သော မြေပြင်ရေယာဉ်များအနက် တစ်ခုဖြစ်သည်ဟု ယုံကြည်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly