ဩစတြေးလျ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင်က ဝန်ကြီးချုပ်သစ် ဖြစ်လာမည်

ဩစတြေးလျ အတိုက်အခံ လေဘာပါတီ ခေါင်းဆောင်က ဝန်ကြီးချုပ်သစ် ဖြစ်လာမည်

မေ ၂၂

ဩစတြေးလျနိုင်ငံတွင် ယမန်နေ့ မေလ ၂၁ ရက်က ကျင်းပသည့် ဖက်ဒရယ်ရွေးကောက်ပွဲ၌ အာဏာရ လစ်ဘရယ်-နေရှင်နယ် ညွန့်ပေါင်းပါတီ အရေးနိမ့်သွားပြီး လေဘာပါတီက အနိုင်ရသွားခဲ့ခြင်းကြောင့် အတိုက်အခံ လေဘာပါတီခေါင်းဆောင် အန်ထော်နီ အယ်လ်ဘာနီစီးက ဝန်ကြီးချုပ်သစ် ဖြစ်လာမည် ဖြစ်သည်။

အသက် ၅၉ နှစ်ရှိ မစ္စတာ အယ်လ်ဘာနီစီးက ၎င်းအနေဖြင့် နိုင်ငံကို တိုးတက်မှုရှိသော “ပြောင်းလဲမှု ခရီး” လမ်းကြောင်းတစ်ခုတွင် ရှိစေရင်း စည်းလုံးညီညွတ်စေချင်သည်ဟု ပြောသည်။ ၎င်းသည် နေထိုင်မှု ကုန်ကျစရိတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကိုင်တွယ်ဖြေရှင်းမည်ဟု ကတိပြုထားသော်လည်း အများအားဖြင့် အရဲစွန့်မှု မပါဝင်သည့် အသစ်အဆန်းမဟုတ်သော လုပ်ငန်းစဉ်တစ်ရပ်ကို ကိုင်ဆွဲထားသည်။

“ယနေ့ညမှာတော့ ဩစတြေးလျပြည်သူတွေဟာ အပြောင်းအလဲအတွက် မဲပေးခဲ့ကြပါပြီ” ဟု ၎င်းက ရွေးကောက်ပွဲ အောင်ပွဲ မိန့်ခွန်းတွင် ပြောသည်။

“ကျွန်တော်ကတော့ ဩစတြေးလျနိုင်ငံသားတွေကို အတူတကွ စည်းလုံးညီညွတ်စေချင်ပါတယ်။ အကြောက်တရား၊ သဘောကွဲလွဲမှု မဟုတ်ဘဲ ညီညွတ်မှုနဲ့ အကောင်းမြင်မှုကို အားပေးပြီး ကျွန်တော်တို့ရဲ့ ဘုံ ရည်ရွယ်ချက်အတွက် ကြိုးပမ်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။

၃၁ ဦးမြောက် ဩစတြေးလျ ဝန်ကြီးချုပ် ဖြစ်လာမည့် မစ္စတာ အယ်လ်ဘာနီစီးသည် ၂၀၁၈ ခုနှစ်ကတည်းက ဝန်ကြီးချုပ်တာဝန်ယူထားခဲ့သည့် မစ္စတာ စကော့ မော်ရစ်ဆင်၏ နေရာတွင် အစားဝင်မည် ဖြစ်သည်။

ယမန်နေ့ည ရွေးကောက်ပွဲရလဒ်က ညွန့်ပေါင်းအစိုးရ၏ ကိုးနှစ်တာ အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့သော်လည်း မစ္စတာ အယ်လ်ဘာနီစီးသည် အမတ် ၁၅၁ ဦး ရှိသည့် လွှတ်တော်၌ လုံးလုံးလျားလျား မဲအများစုကို အနိုင်ရမည်လား သို့မဟုတ် ဂရင်းစ် ပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလအမတ်များ၏ ထောက်ခံမှုကို ရယူရန် လိုအပ်မည်လား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly