မေ ၂၁
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နှင့် ရဲများ အားလုံး ဇွန်လ ၃၀ ရက် နောက်ဆုံးထား နုတ်ထွက်ကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ ဆဒုံးမြို့နယ် အုပ်ချုပ်ရေးရုံးက မေလ ၂၀ ရက်တွင် ထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ လက်အောက်ခံ ဖြစ်သော ဒူးလေး ပြည်သူ့စစ်နှင့် ရဲများ နုတ်ထွက်ခြင်း မရှိဘဲ ဆက်လက် တာဝန် ထမ်းဆောင်သူ မည်သူ မဆို ဖြစ်ပေါ်လာသည့် တာဝန်သည် မိမိ တာဝန်သာ ဖြစ်ကြောင်း ကချင်ဘာသာဖြင့် ရေးသားထားသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆဒုံံးမြို့နှင့် ၁၀ မိုင်အကွာရှိ စင်ကြိုင်ရွာတွင် စစ်ကောင်စီ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ဌာနချုပ် တည်ရှိသည်။
ဓာတ်ပုံ - KIA တပ်ဖွဲ့ဝင်များ ( ပုံအဟောင်း)