ထိုင်ဝမ်ကိုမုန်းတီးသည့် တရုတ်ရွှေ့ပြောင်းတစ်ဦးက အမေရိကန် ဘုရားကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်

ထိုင်ဝမ်ကိုမုန်းတီးသည့် တရုတ်ရွှေ့ပြောင်းတစ်ဦးက အမေရိကန် ဘုရားကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ရှိ ထိုင်ဝမ်ဘုရားကျောင်း၌ မေလ ၁၅ ရက် တရုတ်ရွှေ့ပြောင်းတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

တရုတ်နှင့်ထိုင်ဝမ်အကြား တင်းမာမှုများမြင့်တက်လာပြီးနောက် အသက် ၆၈ နှစ်အရွယ်ရှိ ဒေးဗစ်ချောင်သည် ထိုင်ဝမ်ကိုမုန်းတီးစိတ်ဖြင့် ထိုသို့လုပ်ဆောင်ခဲ့ဟန်ရှိသည်။

သံသယရှိသူသည် လော့စ်အိန်ဂျလိစ်အနီးရှိ လက်ဂန်နာဝုဒ်မြို့ရှိ ဘုရားကျောင်းတံခါးများကို သံကြိုးများဖြင့် ပိတ်ကာ သော့ကိုလည်း ကော်ဖြင့် ဖျက်ဆီးရန် ကြိုးစားခဲ့သည်။ တံခါးများကိုလည်း သံဖြင့်ရိုက်ရန် ကြိုးပမ်းခဲ့ကြောင်း အော်ရိန်းကောင်တီ အရာရှိ ဘားနက်စ်ကို ကိုးကား၍ LA Times ကဖော်ပြသည်။

“ဘုရားကျောင်းတက်တဲ့ လူအများစုက သက်ကြီးပိုင်းတွေပါ။ သူတို့က သတ္တိရှိရှိနဲ့ အလျင်စလို တုံ့ပြန်ခဲ့ကြတယ်။ မြန်မြန်ဆန်ဆန်သာ မတုံ့ပြန်ရင် အသက်တွေ ပိုဆုံးရှုံးရလိမ့်မယ်” ဟု ဘားနက်စ်က ပြောသည်။

ဒေးဗစ်ချောင်ကို မေလ ၁၅ ရက်က ဖမ်းဆီးခဲ့ပြီး အာမခံ ဒေါ်လာ ၁ သန်း ဖြင့် ထိန်းသိမ်းထားကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ သူသည် မေလ ၁၇ ရက်က တရားခွင်သို့ လာရောက်ခဲ့သည်။ ဘားနက်စ်အဆိုအရ ချောင်သည် တရုတ်ပြည်မကြီးတွင် မွေးဖွားခဲ့ပြီး အမေရိကန်သို့ မပြောင်းရွှေ့မီ ထိုင်ဝမ်တွင် နေခဲ့သေးသည်။ ထိုင်ဝမ်တွင် နေစဉ်အတွင်း သူ၏ ပြုမူဆက်ဆံပုံများကြောင့် ထိုင်ဝမ်သားများနှင့် ပြဿနာတက်ခဲ့ဟန်ရှိသည်ဟု ဘားနက်စ်က ပြောသည်။

ဒဏ်ရာရသူများသည် အသက် ၆၆ နှစ်မှ အသက် ၉၂ နှစ်အတွင်း ရှိသူများဖြစ်သည်။ ချောင်အား လူသတ်မှု ၁ မှုနှင့် လူသတ်ရန်ကြိုးပမ်းအားထုတ်မှု ၅ မှုဖြင့် အမှုဖွင့်ထားကြောင်း ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကယ်ရီဘရောင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly