ယင်းမာပင်မြို့နယ် ရွာသာရွာနှင့် နှောရိုးကျေးရွာ ရှိ လူနေအိမ် ၃၂ လုံးကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

By လွှမ်းမိုး
17 May 2022
ယင်းမာပင်မြို့နယ် ရွာသာရွာနှင့် နှောရိုးကျေးရွာ ရှိ လူနေအိမ် ၃၂ လုံးကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

မေ ၁၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့အရှေ့မြောက်ဘက် နှစ်မိုင် ခန့်အကွာရှိ ရွာသာရွာနှင့် နှောရိုးကျေးရွာ မှ လူနေအိမ် ၃၂ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၁၅ ရက် နံနက် ၈ နာရီ မိနစ် ၃၀တွင် စတင်မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံထံက သိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုတွင် ရွာသာရွာမှ ပြည်သူပိုင်နေအိမ် ၂၇ လုံးနှင့် နှောရိုးကျေးရွာ မှ ပြည်သူပိုင်နေအိမ် ငါးလုံး မီးလောက်ပြာကျသွားကြောင်း ဒေသခံ ပြည်သူတစ်ဦးက မဇ္ဈိမကိုပြောသည်။

"မေလ ၁၅ ရက်နေ့ နံနက်ပိုင်း ၈နာရီခွဲ လောက်မှာ စပြီး မီးရှို့တယ်။ ရွာသာရွာက အိမ်ခြေ ၂၇ လုံးပါသွားတယ်။ နှောရိုးရွာကတော့ အိမ်ခြေ ငါးလုံး မီးလောင်ပြာကျတဲ့အပြင် ပြည်သူတစ်ဦးကိုပါ အကြောင်းမဲ့ သတ်သွားတယ်ဗျ။ ရွာထဲကို အချိန်မီဝင်နိုင်ခဲ့လို့ ရွာက သက်သာ သွားတယ်" ဟု ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

ရွာသာရွာ နှင့် နှောရိုးကျေးရွာ မှ မီးဘေးသင့် ပြည်သူများ အနေဖြင့် အကူအညီများ လိုအပ်နေကြောင်း ဒေသခံက ဆိုသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့

#ရွာသာကျေးရွာ

#နှောရိုးကျေးရွာ

#စစ်ကောင်စီတပ်ဖွဲ့

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required