တရုတ်အာဏာပိုင်များက နာမည်ကြီး တိဗက် လားမား ဒူဝါ ရင်ပိုချီ ကွယ်လွန်သည့် သတင်းကို ဖုံးကွယ်ရန် ကြိုးပမ်း

တရုတ်အာဏာပိုင်များက နာမည်ကြီး တိဗက် လားမား ဒူဝါ ရင်ပိုချီ ကွယ်လွန်သည့် သတင်းကို ဖုံးကွယ်ရန် ကြိုးပမ်း

တိဗက်ကို တရုတ်အုပ်စိုးမှု၏ နောက်ထပ် ဥပမာတစ်ခုအဖြစ် တရုတ်အာဏာပိုင်များသည် နာမည်ကြီး တိဗက် လားမား ဒူဝါ ရင်ပိုချီ ကွယ်လွန်သည့် သတင်းကို ဖုံးကွယ်ရန် ကြိုးပမ်းလိုက်သည်။

အသက် ၈၆ နှစ်ရှိ ရင်ပိုချီသေဆုံးမှုကို တရုတ်အာဏာပိုင်များက လျှို့ဝှက်ထားရန် ကြိုးပမ်းခဲ့ကြောင်း Hong Kong Post သတင်းတွင် ဖော်ပြခဲ့သည်။

ရင်ပိုချီ သေဆုံးမှုသတင်းကို မျှဝေခြင်းမပြုရန် တင်းကျပ်သောသတိပေးချက်များ ထုတ်ပြန်ထားပြီး တိဗက် လားမားသေဆုံးမှုနှင့်ပတ်သက်သည့် ရေးသားမှုများကို အွန်လိုင်းမှ ဖယ်ရှားခဲ့သည်။

ရင်ပိုချီ၏ ရုပ်သေပြီး၊ ကာလအတန်ကြာအထိ ဝိညာဉ်မသေသေးကြောင်း ဆုံးဖြတ်ပြီးနောက် ရင်ပိုချီ နောက်ဆုံး အသက်ထွက်ခဲ့သော လာဆာမြို့ရှိ နေအိမ်ကို တရုတ်လုံခြုံရေး အရာရှိများက လုံခြုံရေးတင်းကျပ်ခဲ့သည်။

ကိုးကွယ်ဆည်းကပ်သူများအား ကွယ်လွန်သွားသော တိဗက်ဘုန်းတော်ကြီးကို နောက်ဆုံးဂါရဝပြုခွင့်ကို ပိတ်ပင်ထားသည့်အပြင် ကောင်းချီးမင်္ဂလာများကို ခံယူခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း ဟောင်ကောင်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ရင်ပိုချီ၏ ကျောင်းသားများက ကြိမ်ဖန်များစွာ တောင်းဆိုမှုပြီးနောက်၊ သူ၏ ရုပ်အလောင်းအား လာဆာမြို့ ငတ်ချူးရှိ ဂန်ဒန် ဒါဂျီလင်းဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ခဲ့ပြီး တိဗက်အနည်းငယ်သာ ဖူးမြင်ခွင့် ပေးခဲ့သဖြင့် တရုတ်ရဲများနှင့် တိဗလူမျိုးများကြား အနည်းငယ် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

ထို့ပြင် ရင်ပိုချီ၏ ဈာပနသို့ စေ့စေ့စပ်စပ်ရှာဖွေခံခဲ့ရသည့် ယင်းကျောင်းတိုက်မှ သံဃာ အနည်းငယ်မျှသာ တက်ရောက်ခွင့်ရခဲ့ကြောင်း Hong Kong Post က ဖော်ပြခဲ့သည်။ 

တရုတ်အာဏာပိုင်များ၏ လုပ်ရပ်သည် တိဗက်တွင် ဘာသာရေးဆိုင်ရာ အခွင့်အရေးများ နည်းပါးခြင်း၏ ဝမ်းနည်းဖွယ် အဖြစ်မှန်ကို ထုတ်ဖော်ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly