ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် AA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် AA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

မေလ ၁၆ ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံတောင်ရွာတွင် တပ်စွဲထားသည့် တပ်စခန်းကို ရိက္ခာလာပို့သည့် စစ်ရဟတ်ယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော် (AA)က ယမန်နေ့ မေလ ၁၅ ရက်နေ့ နေ့လယ် ၁၂နာရီခွဲတွင် ပစ်ခတ်ခဲ့ကြောင်း ဒေသခံထံက သိရသည်။

ထို ရဟတ်ယာဉ် မြေပြင်ဆင်းသက်စဉ် AA က ရွာတစ်ဖက်ကမ်းမှ ပစ်ခတ်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် သံတောင်ရွာသစ်တွင်ရှိသည့် နေအိမ်တချို့ပျက်စီးခဲ့ပြီး ရွာထဲတွင်လည်းမပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်များတွေ့ရှိရသည်ဟု သိရသည်။

''စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပလက်ဝဒေသမှာ အေအေနဲ့ စစ်တပ်ပထမဆုံးစတင်ပြီးကျည်ဆန်ဖောက်ကြတာလို့ပြောရမယ်။အေအေကလည်း ထုတ်ပြန်ချက်တွေထဲမှာအချိန်မရွေးထိတွေ့မှုဖြစ်နိုင်တယ်လို့ထုတ် ပြန်တော့ တင်းမာတဲ့အနေထားပဲ။ လောလောဆယ်တော့ မနေ့က သံတောင်ရွာသစ်ကလူတွေ တချို့ ရွာကနေပြေးကြတယ်။ ဒီနေ့လည်းပြေးမယ့်သူတွေ ရှိနေတယ်''ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်က အဆိုပါ သံတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးချာဟော်နှင့် သံတောင်နယ်မြေ ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် ဆလိုင်းဘီးဗာတို့ကို AAက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြန်လွှတ်ပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly