ပါကစ္စတန်တွင် အစိုးရအပြောင်းအလဲ ဖြစ်သော်လည်း ဘာလိုချီစတန်ပြည်နယ်၌ မငြိမ်မသက်မှုများ ဆက်ရှိနေ

By Zee5
14 May 2022
ပါကစ္စတန်တွင် အစိုးရအပြောင်းအလဲ ဖြစ်သော်လည်း ဘာလိုချီစတန်ပြည်နယ်၌ မငြိမ်မသက်မှုများ ဆက်ရှိနေ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များက “တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းများ” ကို ဆက်လက်လုပ်ဆောင်နေခြင်းနှင့်အတူ ဆန္ဒပြမှုများ၊ လက်နက်ကိုင်အစုအဖွဲ့များ၏ လက်တုံ့ပြန်မှု လုပ်ရပ်များကို မြင်တွေ့ရလျက် ရှိရာ ယင်းအခြေအနေများက ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော ပါကစ္စတန်အစိုးရသစ်အတွက် ကြီးမားသည့် ကသိကအောက်ဖြစ်စရာကိစ္စတစ်ခု ဖြစ်နေသည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်ခုတွင် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်မဲ့၊ အပြစ်မဲ့ ဘာလို့ချ်မျိုးနွယ်စုဝင်များကို ပစ်ခတ်ခဲ့ရာတွင် လူ ၆ဦး သေဆုံးခဲ့သည်။

နောက်တစ်နေ့တွင် အဆိုပါ ပစ်ခတ်ခံရပြီး လူသေဆုံးမှုများအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့သူများသည်လည်း ထပ်မံ ပစ်ခတ်ခံခဲ့ရပြန်သည်။ ဘာလို့ချ်မျိုးနွယ်စုဝင်တို့၏ အခွင့်အရေးများအတွက် ဆက်လက် တိုက်ပွဲဝင်နေကြသည့် ဆန္ဒပြမှုများလည်း ပေါ်ပေါက်ထားခဲ့သည်။

အစောပိုင်းတုန်းက ဘာလိုချီစတန်၏ ချာဂိုင်းခရိုင်၌ ပါကစ္စတန်စစ်တပ်၏ ဥပဒေမဲ့ သတ်ဖြတ်မှု ဖြစ်စဉ်တစ်ခုနှင့်ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြမှုများက အမျိုးသားလွှတ်တော်အထိ လှုပ်ယမ်းခဲ့သည်။

“လက်ရှိအချိန်တွင် နိုင်ငံတွင် ရရှိနိုင်သည့် တန်ဖိုးအနည်းဆုံးသော အရာမှာ ဘာလို့ချ်ပြည်သူများ၏ သွေးဖြစ်သည်” ဆိုပြီး ဘာလိုချီစတန် အမျိုးသားပါတီ-မန်ဂဲလ် (BNP-M) ၏ အထက်လွှတ်တော်အမတ် ဟက်ဆန် ဘာလို့ချ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly