ထိုင်းနိုင်ငံအတွင်းသို့ စက်လှေဖြင့် ခိုးဝင်သည့် မြန်မာနိုင်ငံသား ၁၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်းသို့ စက်လှေဖြင့် ခိုးဝင်သည့် မြန်မာနိုင်ငံသား ၁၇ ဦးဖမ်းဆီးခံရ

မေ ၁၅

ထိုင်းနိုင်ငံ အတွင်းသို့ စက်လှေဖြင့် ခိုးဝင်သည့် မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်း နယ်ခြားစောင့် ရဲတပ်ရင်းက မေလ ၁၂ ရက် ညပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်း ရေတပ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ကော့သောင်းမြို့နယ်မှ တစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ခိုးဝင်သည့် မြန်မာနိုင်ငံသား အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၇ ဦးသည် စစ်လှေထဲတွင် အိပ်ပြီး လိုက်ပါလာကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံ ရသည့် မြန်မာနိုင်ငံများကို ထိုင်း နယ်ခြားစောင့် ရဲတပ်ရင်းက စစ်ရေယာဉ် အမှတ် (၄၁၅) ပေါ်သို့ ခေါ်ဆောင် သွားကာ ရနောင်း ဆေးရုံတွင် COVID -19 ရောဂါ ရှိ ၊မရှိ စစ်ဆေးပြီး ရနောင်းခရိုင် ပနမ် ရဲစခန်းသို့ ပို့ဆောင်၍ ဥပဒေ အရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

#Mizzima

#ထိုင်းနိုင်ငံ

#ကော့သောင်းမြို့နယ်

#ရနောင်းမြို့

#ပနမ်ရဲစခန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly