ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများတိုးလာချိန် ဂျပန်က တရုတ်ကို ထိပ်တိုက်ရင်ဆိုင်ရန် အရှိန်မြှင့်

ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများတိုးလာချိန် ဂျပန်က တရုတ်ကို ထိပ်တိုက်ရင်ဆိုင်ရန် အရှိန်မြှင့်

ရုရှားက ယူကရိန်းကို ရုရှားကျူးကျော်မှုအပြီးတွင် တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရန် အလားအလာ ပိုများလာသဖြင့် ဂျပန်သည် အရှေ့တရုတ်ပင်လယ်တွင် လက်နက်ကိုင်ပဋိပက္ခအတွက် အရှိန်မြှင့် ပြင်ဆင်နေပုံရကြောင်း Singapore Post က ဖော်ပြသည်။ ထိုင်ဝမ်ပဋိပက္ခအရှိန်မြှင့်လာမှုက ဂျပန်ပါဝင်ပတ်သက်ရန် ဖြစ်လာစေသောကြေင့် ၎င်း၏အင်အားကို တည်ဆောက်ရန် စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း Singapore Post က ဆိုသည်။

တရုတ်သည် ဆော်လမွန်ကျွန်းကို ဖျားယောင်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွားနေရာ အကောင်အထည်ဖော်ပေးမည်ဟူသော အာမခံချက်ဖြင့် ထိုင်ဝမ်ကို အသိအမှတ်မပြုရန် တွန်းအားပေးခဲ့သည်။ တရုတ်သည် ဒေသတွင်းရှိ တခြားကျွန်းနိုင်ငံများဖြစ်သည့် ပါပူဝါနယူးဂီနီ၊ ဗန်နျူအာတူနှင့် ကီရီဘာတီတို့နှင့် ထိုင်ဝမ်မဟာမိတ် မာရှယ်ကျွန်းများ၊ နာအူရူနှင့် တူဗာလူတို့ကိုလည်း အလားတူ နည်းဗျူဟာမျိုး ကျင့်သုံးနိုင်သည်။ ယင်းက အမေရိကန်နှင့်ဩစတြေးလျတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။

ဂျပန်သည် အမေရိကန်နှင့်ဩစတြေးလျတို့နှင့် စာချုပ်များ ချုပ်ဆိုကာ မဟာမိတ်ဖြစ်ထားသောကြောင့် တရုတ်နှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်လာပါက ၎င်းတို့နှင့် ပူးပေါင်းရမည်ဖြစ်သည်။

တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များနှင့် လုံခြုံရေး ခြိမ်းခြောက်မှုများအကြား ပထဝီဝင်နိုင်ငံရေး တင်းမာမှုများကြောင့် ဂျပန်နှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေး ယိုယွင်းလာနေသည်။

ဆန်ကာကူကျွန်းများ (တရုတ်လို ဒိုင်အိုးယုကျွန်းများ) ကို တရုတ်က ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုနေမှုအပေါ် ဂျပန်ပြည်သူများက မနှစ်မြို့ကြောင်း ဆန္ဒဖော်ထုတ်ပြီးဖြစ်သည်။

ဂျပန်က နိုင်ငံတကာများနည်းတူ ရုရှားကို ဆန့်ကျင်သည့်အတွက် ရုရှားက ဂျပန်နိုင်ငံအား ဝေဖန်ပြစ်တင်ကာ ငြိမ်းချမ်းရေးစာချုပ်အတွက် ဆွေးနွေးမှုများကို ဆိုင်းငံ့ထားသည်။ နှစ်နိုင်ငံစလုံးသည် ကာလစ်ကျွန်းများ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေပြီဖြစ်သည်။

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုကို တရုတ်က ထောက်ခံအားပေးလျက်ရှိပြီး ယင်းက ရုရှားအား တရုတ်နှင့် နီးစပ်သွားစေကာ ဂျပန်အပေါ် ဖိအားများ တိုးလာကြောင်း Singapore Post က ဖော်ပြသည်။

ဂျပန်သည် ထိုင်ဝမ်ရေလက်ကြား ပဋိပက္ခတွင် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပြီး တရုတ်ကျူးကျော်လာပါက ထိုင်ဝမ်ကို ထောက်ခံရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည် တရုတ်စစ်သင်္ဘာအုပ်စုသည် ဂျပန့်ပိုင်နက်ကန့်သတ်မှုနှင့် နီးကပ်လာသည်နှင့်အမျှ ဂျပန်သည် တရုတ်ကို ဟန့်တားရန်နှင့် တိုက်ခိုက်မှုအလားအလာကို တုံ့ပြန်ရန် ကာကွယ်ရေးအရှိန်မြှင့်နေမှုကို အရေးတကြီး ပြသလိမ့်မည်ဖြစ်ကြောင်း Singapore Post က ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly