ပါကစ္စတန်တွင် စစ်သွေးကြွတိုက်ခိုက်မှုများ ဖြစ်ပွားမှု မြင့်တက်လာနေ

By The Print
14 May 2022
ပါကစ္စတန်တွင် စစ်သွေးကြွတိုက်ခိုက်မှုများ ဖြစ်ပွားမှု မြင့်တက်လာနေ

ပါကစ္စတန်နိုင်ငံတွင် ယခုနှစ်အတွင်း မတ်လနှင့်နှိုင်းယှဉ်ပါက ဧပြီလတွင် စစ်သွေးကြွ တိုက်ခိုက်မှုဖြစ်စဉ်များ ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပဋိပက္ခနှင့် လုံခြုံရေးဆိုင်ရာ လေ့လာမှု ပါကစ္စတန် အင်စတီကျူ့ (PICSS) က နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်စာရင်းများတွင် ဖော်ပြထားသည်။

အဆိုပါ စစ်သွေးကြွ တိုက်ခိုက်မှုဖြစ်စဉ် အများစုသည် ဗဟိုအစိုးရ စီမံအုပ်ချုပ်သည့် မျိုးနွယ်စု ဧရိယာများ (FATA) တွင် ဖြစ်ပွားခြင်း ဖြစ်ပြီး ဒုတိယနှင့် တတိယအများဆုံးမှာ ခိုင်ဘာ ပက်ခ်တွန်ခဝါ နှင့် ဘာလိုချီစတန် ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သည်။

ပဋိပက္ခနှင့် လုံခြုံရေးဆိုင်ရာ လေ့လာမှု ပါကစ္စတန် အင်စတီကျူ (PICSS) က နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်စာရင်းများအရ ဧပြီလတစ်လတည်းမှာပင် စစ်သွေးကြွတိုက်ခိုက်မှုဖြစ်စဉ် ၃၄ ခုအထိ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များတွင် လူ ၅၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးအမှုထမ်း ၁၁ ဦးနှင့် အရပ်သား ၁၄ ဦး အပါအဝင် လူ ၂၅ ဦး ထိခိုက်ဒဏ်ရာများ ရခဲ့သည်။

မတ်လတွင် စစ်သွေးကြွများက ယင်းနိုင်ငံတဝန်း တိုက်ခိုက်မှုပေါင်း ၂၆ ခု လုပ်ဆောင်ခဲ့ရာ လူ ၁၁၅ ဦး သေဆုံးပြီး ၂၈၈ ဦး ဒဏ်ရာရခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန် အင်စတီကျူ့က ထုတ်ပြန်သည့် ဒေတာများအရ FATA ဧရိယာများတွင် ဧပြီလက စစ်သွေးကြွ တိုက်ခိုက်မှုဖြစ်စဉ် ၁၆ ခု ဖြစ်ပွားခဲ့ကြောင်း သိရပြီး ယင်းတွင် လုံခြုံရေးအမှုထမ်း ၂၁ ဦး၊ အရပ်သား ၃ဦးနှင့် စစ်သွေးကြွ ၇ဦး အပါအဝင် လူ ၃၁ ဦး သေဆုံးကြောင်း သိရသည်။ ထို့ပြင် လုံခြုံရေးအမှုထမ်း ၆ဦးနှင့် အရပ်သား ၄ဦး အပါအဝင် လူ ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly