ယူကရိန်းစစ်ပွဲကြောင့် တရုတ် လှုပ်လှုပ်ရှားရှားဖြစ်နေ

ယူကရိန်းစစ်ပွဲကြောင့် တရုတ် လှုပ်လှုပ်ရှားရှားဖြစ်နေ

ထိုင်ဝမ်နှင့် ပတ်သက်၍ တရုတ်ခေါင်းဆောင်များ၏ တွက်ချက်မှုများကို ထိခိုက်စေခဲ့သည့် ယူကရိန်းအပေါ် ရုရှား၏ တိုက်ခိုက်မှုများကို တရုတ်က အနီးကပ် စောင့်ကြည့်နေကြောင်းနှင့် ထိုင်ဝမ်အရေးတွင် သင်ခန်းစာ ယူသင့်သည်များကို တရုတ်က ဂရုတစိုက်လေ့လာနေသည်ဟု CIA ညွှန်န်ကြားရေးမှူး ဘေလ်ဘန်းစ်က ပြောကြားခဲ့သည်။

မေ ၇ရက်တွင် ကျင်းပသည့် အခမ်းအနားတစ်ခု၌ ပြောကြားရာတွင် အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲက “ပူတင်က ဥရောပသားတွေနဲ့ အမေရိကန်တွေကို ပိုရင်းနှီးအောင် တွန်းပို့လိုက်သလို ဖြစ်သွားတဲ့ အချက်ကြောင့် တရုတ်က တုန်လှုပ်သွားပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ သဘောပေါက်လိုက်ပါတယ်။ ယူကရိန်းအပေါ် ရက်စက်ကြမ်းကြုတ်ရန်လိုတဲ့ ရုရှားနဲ့ ပူးပေါင်းတာကြောင့် သမ္မတရှီကျင့်ဖျင်က ဂုဏ်သိက္ခာထိခိုက်တာနဲ့ စစ်ပွဲကြောင့် စီးပွားရေး မသေချာ မရေရာမှုတွေ ကြောင့် ရှီကျင့်ဖျင်က အနည်းငယ် ဂနာမငြိမ်ဖြစ်နေပါတယ်” ဟု ဘန်းစ်၏ ပြောကြားချက်ကို Financial Times မှ ကိုးကားဖော်ပြခဲ့သည်။

ရှီက ဖြစ်လာနိုင်သည့် အခြေအနေအပေါ်တွင် ခန့်မှန်းခြင်းကို အဓိက အာရုံစိုက်ထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းပဋိပက္ခသည် ထိုင်ဝမ်အပေါ် " ကြိုတင်ခန့်မှန်းနိုင်မှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ဘန်းစ်က စောဒကတက်သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို ထိန်းချုပ်ရန် ရှီ၏ ဆုံးဖြတ်ချက်ကို ပျက်ပြားစေမည် မဟုတ်ပေ။

ပူတင်၏ ရုရှားခြိမ်းခြောက်မှုကို လျှော့မတွက်သော်လည်း တရုတ်က ရေရှည်တွင် အမေရိကန်နှင့် ရင်ဆိုင်ရမည့် အကြီးမားဆုံး ပထဝီဝင်နိုင်ငံရေးကို စိန်ခေါ်မည့် နိုင်ငံဖြစ်သည်ဟု ဘန်းစ်က ဆိုသည်။

“အားနည်းလာနေတဲ့ အင်အားကြီးနိုင်ငံက တက်သစ်စ အင်အားကြီး နိုင်ငံလိုပဲ အနည်းဆုံး အဖျက်သဘော ဖြစ်စေတယ်ဆိုတာကို ပူတင်က ပြသခဲ့ပါတယ်” ဟု ဘန်းစ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly